အခန်း ၁။ ၁၅နှစ်​ခန့်​ကြာပြီး​နောက်​အမိ​မြေဆီသို့ ပထမဆုံးပြန်​လာခြင်း။

970 62 4
                                    

အခန်း ၁။ ၁၅နှစ်​ခန့်​ကြာပြီး​နောက်​အမိ​မြေဆီသို့ ပထမဆုံးပြန်​လာခြင်း။

လေယာဉ်​​ပေါ်ကဆင်းသည်​နှင့်​​​ မြန်​မာ့​လေကိုတ၀ကြီးရှူရှိုက်​ပစ်​လိုက်​သည်​။ ​မွေးရပ်​​မြေဆီ ပြန်​​ရောက်​ပြီဆိုသည့်​အသိက ​ခေတ်​ရဲ့စိတ်​ကို​ဘာနဲ့မှမတူ​အောင်​ ပျော်​ရွှင်​​သွား​စေသည်​။

ကိုယ်​ပြန်​လာပြီ မြန်​မာပြည်​​ရေ။ ​နွေး​ထွေးစွာ ​ကြိုဆိုမှာလား...

နာမည်​ကဒ်​ပြား​တွေကိုင်​ကာ ရပ်​​နေကြသည့်​လူ​တွေဘက်​ကိုလှမ်းကြည့်​ရင်း သူ့ကိုလာကြိုတဲ့သူကို ရှာလိုက်​​​တော့ ​ဟော.....​တွေ့ပါပြီ။

"Linn Loon Khit"လို့​ရေးထားတဲ့ ကဒ်​ပြား​​လေးကို ကိုင်​ပြီး ​လေယာဉ်​​​ပေါ်က ဆင်းလာတဲ့ သူ​​တွေကို လိုက်​ကြည့်​​နေသည့်​ သူ့ညီမ​လေး။

ခေတ်​ပြုံးလိုက်​ပြီးသူမအနား​လျှောက်​သွား​တော့ ​ဝေခွဲမရဟန်​ဖြင့်​ ​သေ​သေချာချာကြည့်​​နေသည်​။ ဒီက​လေးမ ကိုယ့်​အစ်​ကိုကို​တောင်​ မှတ်​မိပုံမရ။ ​မောင်​နှမဆို​ပေမယ့်​ ​​မွေးကတည်းက မြင်​မှမမြင်​ဖူးခဲ့ကြပဲ​လေ။

"Hello မှုံ​လေး..... "

ခေတ်​နှုတ်​ဆက်​လိုက်​ရင်း သူမ​ရှေ့တည့်​တည့်​မှာ ရပ်​လိုက်​​တော့မှ မှုံ​လေးက အံ့သြ၀မ်းသာစွာ ပြုံးပြလာသည်​။

"ကိုကို......"

"ဟုတ်​ပါသတဲ့ဗျာ အန်​တီတို့​ရောမပါဘူးလား"

"ဟုတ်​ မပါဘူးကိုကိုရဲ့ ဒယ်​ဒီက​ဆေးရုံမှာ ဒီ​နေ့ဂျူတီရှိလို့တဲ့​ မာမီက​တော့ သူ့တူ​လေးအကြိုက်​ ဟင်း​တွေချက်​​နေပါသတဲ့ အဲဒါ​ကြောင့်​ ​​ဟောဒီ့ကညီမ​လေးပဲ လာကြိုရတာပါတဲ့ရှင်​..."

"ဟားဟား ဟုတ်​ပါပြီကွာ သွားရ​အောင်​"

ခေတ်​ကရယ်​​မောရင်း လပ်​​ဂေ့ခ်ျ​ကို တွန်းလိုက်​​​တော့ မှုံ​လေးက ကူသယ်​​ပေးဖို့ ဟန်​ပြင်​​သည်​။ ​​ခေတ်လည်း အ​ပျော်​လွန်​​နေသည့်​ ညီမငယ်​ကို မတား​တော့​ပေ။

ကားparking ​ရောက်​​တော့ driver ဦး​လေးကြီးက ​ခေတ်​ရဲ့လက်​​ဂေ့ခ်ျ​ကို​ယူပြီး ကား​နောက်​ခန်းထဲ ထည့်​လိုက်​သည်​။ ညီမ​လေးက ၁၅နှစ်​ပဲရှိ​သေးတာမို့ ​မောင်းလိုင်​စင်​မရှိ​သေး။

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now