အခန်း ၁၇။ ယမမင်းကြီးက​ ​စောင့်​​နေတယ်​တဲ့​​နော်

305 33 5
                                    

(Zawgyi)

အခန်း ၁၇။ ယမမင်းကြီးက​ ​စောင့်​​နေတယ်​တဲ့​​နော်

အချိန်​သည်​ကား နံနက်​၄နာရီခွဲ။ အိပ်​တန်းတက်​သွားသည့်​ငှက်​များပင်​ မနိုးကြ​သေး။ ​ရောင်​နီကလည်း မသမ်းလာ​သေး။  သူ​ရောက်​သွား​တော့ ထမင်းချက်​အဖွဲ့က ချက်​ပြီးလို့ ဟင်းချိုပင်​ဆက်​တည်​​နေကြပြီ။

သျှိုင်း ဘာကူဖို့လိုဦးမလဲလို့​တွေးရင်း ဟိုဟိုသည်​သည်​ကြည့်​မိစဉ်​ ရုတ်​တရက်​ ပခုံးကိုလှမ်းပုတ်​သည့်​ ​ကျော​နောက်​ဘက်​ကလက်​​ကြောင့်​ လန့်​ပြီးဘုရားတမိသည်​။

"အစ်​ကို့ !!!!.... လန့်​သွားတာပဲ​ဗျာ..."

သျှိုင်းတစ်​​ယောက်​ ဘုရားတ​နေပုံကိုကြည့်​ရင်း ​ခေတ်​က​ရယ်​​မော​နေလျက်​။ ​ခေတ်​.... ညကနှစ်​အတန်​ကြာကွဲကွာ​နေသည့်​ သူငယ်​ချင်းများနှင့်​ ပြန်​ဆုံတာမို့ စကားဝိုင်း​ကောင်းကာ ညဉ့်​နက်​သွားခဲ့သည်။

အိပ်​ရာဝင်​​တော့လည်း အ​တွေး​တွေ​ကြောင့်​ အိပ်​လို့မ​ပျော်​နိုင်​။ အိပ်​​ပျော်​​တော့လည်း ခဏသာ။ အိမ်​အပြင်​ဘက်​က အသံဗလံ​တွေကြားသည်​နှင့်​ လူကဆတ်​ခနဲနိုးပြီးသား။

နာရီကြည့်​​တော မနက်​၄နာရီ။ ပြန်​အိပ်​မ​ရသည့်​အတူတူ မထူးဘူးဆိုကာ ထွက်​လာသည်​က ချက်​ပြုတ်​​နေကြသည့်​​နေရာဆီသို့။ သူ​ရောက်​​တော့ ချက်​ပြုတ်​​နေကြသည့်​ ကာလသား​တွေက ​ဖော်​​ဖော်​​ရွေ​ရွေပင်​။

ခေတ်​လည်း ရွာသား​တွေနှင့်​ စကား​ပြောရင်း၊ လိုအပ်​တာကူညီရင်း အ​တော်​​လေးကြာ​တော့ သျှိုင်းထွက်​လာတာကို မြင်​လိုက်​တာဖြစ်​သည်​။ သျှိုင်းက​တော့ သူ့ကိုမမြင်​တာမို့ တမင်​သက်​သက်​ကို စ​နောက်​မိတာပင်​။

"ချာတိတ်​ အိပ်​ရာထဲက​နေ တန်းပြီးထလာတာလား"

ခေတ်​​မေးလိုက်​​တော့ သျှိုင်းက​ပါးစပ်​ကို လက်​ဖြင့်​အုပ်​ကာ ၀ါးခနဲသမ်း​ဝေရင်း ​ခေါင်းညိတ်​သည်​။ ထိုအခါ စာက​လေးသိုက်​အလား ပွရှုပ်​​နေ​သော ဆံပင်​တို့က ယမ်းခါ​နေ​တော့သည်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedDonde viven las historias. Descúbrelo ahora