အခန်း ၂။ ​မင်းဘယ်​မှာလဲ ကိုယ့်​ရဲ့အတာပန်းငယ်​။

530 52 4
                                    

အခန်း ၂။ ​မင်းဘယ်​မှာလဲ ကိုယ့်​ရဲ့အတာပန်းငယ်​။

အိမ်​ကိုအနည်းငယ်​ သန့်​ရှင်း​ရေးပြန်​လုပ်​ပြီး​နောက်​ ဘုရားစင်​ကိုကြည့်​မိ​တော့ ဘုရားပန်း​တွေက ညှိုး​လျော်​​နေ​လေပြီ။ ခြံထဲမှာလဲ ပန်းပင်​ကမရှိ​ပေ။ ထို့​ကြောင့်​ အနားယူပြီးမှ ​ဈေးမှာသွားဝယ်​ရန်​ ​တေးမှတ်​ထားလိုက်​သည်​။

သိပ်​မကြာလိုက်​​ပေ ခြံထဲဆင်းသွား​သည့်​ ညီမ​ဖြစ်​သူက အိမ်​ထဲ​ပြေးဝင်​လာပြီး ပန်းခူး​ပေးဖို့ ပူဆာ​တော့သည်​။

သူမ​လက်​ညှိုးထိုးပြသည့်​ အပင်​ကို ကြည့်​မိ​တော့ အဖူးခိုင်​​တွေ ပြွတ်​ခဲ​နေကာ ပင်​လုံးကျွတ်​ပွင့်​ဖို့ရာ တာဆူ​နေသည့်​ ဟိုဘက်​ခြံကပိ​တောက်​ပင်​ကြီး။

ခြံထဲဝင်​လာကာစက ကိုယ့်​အာရုံနဲ့ကိုယ်​မို့ သတိမထားမိခဲ့​ပေ။ ​​အောက်​​ခြေဘက်​ကိုင်းမှာ​တော့ အဖူးများအပြင်​ အပွင့်​တစ်​ချို့ရှိ​နေ​လေပြီ။

ကြည့်​ရတာ မိုး​ပြေး​လေး​တော့ တစ်​​ကျော့​လောက်​ရွာခဲ့ပြီးပြီထင်​သည်​။ ​သြော်​...ဘာလိုလိုနဲ့ သင်္ကြန်​​တောင် ​ရောက်​ခါနီးလာပြီ​ပေါ့။

အခါတိုင်းနှစ်​​တွေလိုပဲ တူးပို့​​တေးသံ​တွေနဲ့အတူ သင်္ကြန်​ရက်​​တွေဟာ မြိုင်​ဆိုင်​​နေ​ဦးမှာပဲ​လေ။ အရင်​နှစ်​​တွေ သူဒီမှာမရှိခဲ့တာက လွဲလို့​ပေါ့။

နှစ်​ကူးသင်္ကြန်​ရဲ့ ပိ​တောက်​ပန်း​က ပွင့်​​နေ​လေပြီ။ သူ့ရင်​ထဲက အတာပန်းငယ်​လေးက​ရော ခုချိန်​ဆို ဘယ်​ဘ၀များ​ရောက်​​နေပြီလဲ။ လွမ်းတယ်​အတာ​ရေ။ မင်း​ရော ကိုယ့်​ကိုလွမ်း​နေရဲ့လား။

(ဒီနားမှာ ကိုယ်​တစ်​ခု​ပြောချင်​တာက​လေ ဇာတ်​​ကောင်​ ၂​ယောက်​စလုံးက လူပြန်​၀င်​စားတာဖြစ်​ပြီး လင်းလွန်း​ခေတ်​ ကသူ့အတိတ်​ဘ၀ကအ​ကြောင်း​တွေကို မှတ်​မိ​နေပါတယ်
နော်​ အဲဒီ့အ​ကြောင်း​တွေက ​နောက်​ပိုင်းပြန်​လာမှာပါ အခုက
မရှင်းပြရင်​ ဖတ်​ရတာအူ​ကြောင်​​ကြောင်​ကြီးဖြစ်​​နေမှာစိုးလို့ )

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now