အခန်း ၉။ သင်တန်းမှအပြန်
သျှိုင်းတို့ သင်တန်းဆင်းသည့်နေ့က သင်တန်းမှာသင်္ကြန်ကျခဲ့ကြသည်မို့ အိမ်ပြန်လာချိန်မှာ လူကရေတွေစိုရွှဲလို့နေသည်။ ထိုကြားထဲ စက်ဘီးက ချိန်းပြတ်သွားတာကြောင့် သင်တန်းအနီးက စက်ဘီးပြင်ဆိုင်မှာ ၀င်ပြင်တော့ ပိုင်ရှင်က ရှိမနေပေ။
၁၀နစ်အရွယ် သူ့သားလေးသာရှိတာကြောင့် စောင့်လဲမယူနိုင်သည့်အဆုံး သည်အတိုင်းအပ်ထားခဲ့လိုက်တော့သည်။ တစ်ယောက်နှင့်တစ်ယောက် သိနေကြသူတွေမို့ ပျောက်မှာတော့ မပူရပေ။
သို့သော်လည်း သင်တန်းရှိရာလမ်းက ဆိုင်ကယ်၊ ဆိုက္ကား အငှားဂိတ်နှင့်အတန်ဝေးသည်မို့ သျှိုင်းတစ်ယောက် ငိုချင်မိသွားသည်။ သို့သော်လည်း လမ်းမှာဆိုက္ကားအလွတ်မတွေ့လျှင်တော့ ဂိတ်ရောက်သည်အထိ လျှောက်ရုံကလွဲလို့ မတတ်နိုင်ပေ။
သျှိုင်းကံကောင်းသည်လား ကံဆိုးသည်လားမပြောတတ်။ သူ့ကိုကျော်ကာ နင်းသွားပြီးမှ ပြန်လှည့်လာခဲ့သော စက်ဘီးပေါ်မှလူက သူ့ကိုဆိုင်ကယ်မတိုက်မိစေရန် ကူညီခဲ့သူဖြစ်နေသည်။
"ဟေး... မင်း... ဟိုနေ့ကချာတိတ်မလား ရေစိုကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ တစ်ယောက်တည်းလား"
"သင်တန်းသင်္ကြန်ကပြန်လာတာပါ ကျွန်တော့်စက်ဘီးက ချိန်းပြတ်သွားလို့ အပ်ထားခဲ့တယ်"
"လိုက်ခဲ့လေ ချာတိတ်က ဘယ်လမ်းမှာနေတာလဲ"
ထိုသူက သူ့အခြေအနေကိုကြည့်ကာ သွားမည့်လမ်းကိုမေးသည်မို့ ပြောပြလိုက်တော့ လမ်းကြုံသည်ဆိုကာ တင်ခေါ်သွားပေးလေသည်။
"သေချာကိုင်ထားချာတိတ် ကိုယ်ကစက်ဘီးနင်းရင် အမြန်နင်းတာအကျင့်ဖြစ်နေလို့"
သျှိုင်းလဲ ထိုလူရဲ့စကားအဆုံးမှာ နောက်ကျောဘက်ရှိ အင်္ကျီကိုဆုပ်ထားရာမှ ခါးကိုဖက်ထားလိုက်တော့သည်။ သေသေချာချာမကိုင်လျှင် ပြုတ်ကျမှာစိုးရသည်လေ။
BINABASA MO ANG
ပိတောက်ကကြိုး (Own Creation) Completed
Romanceပိတောက်ပန်းဆိုတာ ကိုယ့်တို့အတွက်တော့ ရင်ချင်းဆက်ပြီးချည်ဖို့ ကြိုးတစ်ချောင်းပေါ့ ချာတိတ်ရယ်.... ကိုယ်မင်းကို ဘယ်လောက်တောင်မှ တမ်းတနေခဲ့ပါကြောင်း သင်္ကြန်ရောက်တိုင်း ကကြိုးဆင်နေမြဲ ပိတောက်တွေက ကိုယ်စားဖြေပေးလိမ်...