အခန်း ၃။ ဟွန့်​ ... သျှိုင်းဝဿန်​တဲ့ တစ်​​ယောက်​ပဲ ရှိတယ်​။

437 50 4
                                    

အခန်း ၃။ ဟွန့်​ ... သျှိုင်းဝဿန်​တဲ့ တစ်​​ယောက်​ပဲ ရှိတယ်​။

သျှိုင်းတစ်​​ယောက်​ သူ့ဖေကြီးနဲ့​မေကြီးကို စိတ်​​ကောက်​ပြီးအခန်းထဲသာ ၀င်​လိုက်​​တော့သည်​။

"ဟွန့်​ သျှိုင်းဝဿန်​ကို ဒါမျိုးလာလုပ်​လို့ ဘယ်​ရမလဲ ရာဇ၀င်​ရိုင်းသွားမှာ​ပေါ့"

သျှိုင်းက​စာကြည့်​စားပွဲ​အောက်​က အိတ်​ကိုယူကာ စားပွဲ​ပေါ်တင်​။ အိတ်​ကိုဖြည်​ပြီး​​နောက်​ ဆွဲထုတ်​လိုက်တာက ​လောက်​စာလုံး​နှင့်​ ​လေးဂွ။

နှစ်​ခုလုံးယူကာ ​အ​ပေါ်ထပ်​ ဘုရားခန်းဆီ အမြန်​တက်​လာခဲ့သည်​။ သျှိုင်းတို့အိမ်​က နှစ်​ထပ်​တိုက်​ပု​လေးဖြစ်​ပြီး သူ့အခန်းက​နေဆိုလျှင်​ ​ခေါင်းရင်းခြံကိုမြင်​​နေရသည်​။

သို့​သော်​ ပိ​တောက်​ပင်​က ​အိမ်​​ရှေ့​ဘက်​ခြံ​ထောင့်​မှာမို့ အ​ပေါ်ထပ်​ဘုရားခန်းရဲ့ ပြတင်း​ပေါက်​က​နေဆိုမှ တည့်​တည့်​ပဲ​လေ။

"ကဲလာထား ပန်းသူခိုး"

သျှိုင်းရဲ့ညာဘက်​လက်​က​ ​လေးဂွကိုကိုင်။ ဘယ်​ဘက်​လက်​က ​လောက်​စာလုံးကိုယူကာ သား​ရေပြား​ပေါ်တင်​လိုက်​သည်​။

ပြီး​တော့မှ ပိ​တောက်​ပင်​​ပေါ်က လူရဲ့​ခေါင်းကိုချိန်​လိုက်​ပြီး သား​ရေပြားနဲ့ ​လောက်​စာလုံးကိုတွဲကာ ​နောက်​သို့အားကုန်​ဆွဲလိုက်​သည်​။

ထို့​နောက်​ သား​ရေပြားကိုဆွဲထားသည့်​ လက်​ကိုဆတ်​ခနဲလွှတ်လိုက်​​တော့ ​လောက်​စာလုံး​လေးက angry bird​လေးပမာ လေကိုခွင်းပြီး ပျံသန်းသွားတာက ပန်းသူခိုးရဲ့​ ​နောက်​​စေ့တည့်​တည့်​ဆီသို့။

"တိန်​"ခနဲ။

သျှိုင်း ပစ်​ပြီးတာနှင့်​ ပြတင်း​ပေါက်​​ဘေးမှာ အသာ​လေးပြန်​ပုန်းလိုက်​သည်​။ ဟိုလူ​တော့ ​တော်​​တော်​ နာသွားမှာ အမှန်​။

"ဟွန့်​ သျှိုင်းဝဿန်​တဲ့ တစ်​​ယောက်​ပဲ ရှိတယ်​ ၂​​ယောက်​ရှိရင်​ ​လေးဂွစာ​ကျွေးပစ်​မယ်​"

သျှိုင်း တွတ်​ပွတွတ်​ပွ ​ရေရွတ်​ရင်းပြတင်း​ပေါက်​က​နေ အသာ​လေးပြန်​​ချောင်းကြည့်​လိုက်​သည်​။ ဟိုလူသူ့​ခေါင်းကိုပွတ်​ရင်းဟိုဘက်​ကြည့်​ သည်​ဘက်​ကြည့်​နဲ့ တရားခံရှာ​နေပုံရတာမို့ သျှိုင်းလည်း ​အောင်​နိုင်​သူအပြုံးနဲ့ ပြုံးလိုက်​မိ​တော့သည်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now