အခန်း ၅။ ဒီသင်္ကြန်​ငါမလည်​ရ​တော့ဘူး.....

391 48 12
                                    

(Zawgyi)

အခန်း ၅။ ဒီသင်္ကြန်​ငါမလည်​ရ​တော့ဘူး.....

"ကဲ​ပြောပါဦး ကိုသျှိုင်းဝဿာန်​ ဘာ​တွေ​တွေး​နေလို့ စာအုပ်​ကို ​ဇောက်​ထိုးကြီးဖတ်​​နေရတာလဲ"

ဆက်​ပိုင်​​မေး​တော့ သျှိုင်းတစ်​​ယောက်​ ဘယ်​လိုပြန်​​ဖြေရမှန်းမသိဘဲ အင်း....အဲ......နဲ့ လုပ်​​နေမိသည်​။ မျက်​လုံးထဲမှာ​တော့ တစ်​စုံတစ်​​ယောက်​ရဲ့ ​နောက်​​ကျောပြင်​ကို ဖျတ်​ခနဲ မြင်​​ယောင်​လာပြန်​သည်​။

"ဘာလဲ ငါ့ကိုသတိရ​နေလို့လား........"

အ​တွေးများ​နေပုံရသည့်​ သူငယ်​ချင်း​လေးကို ဆက်​ပိုငစသလို​နောက်​သလို ​မေးလိုက်​​တော့မှ သျှိုင်းကမျက်​လုံးကို​စွေကြည့်​ကာ ​ပြောလိုက်​သည်​က....

"ဆု​တောင်း​ပေါ့ကွာ..."

ဆက်​က​တော့ သျှိုင်းကိုဆက်​လက်​ကာ စ​နောက်​ရင်း အူမြူး​နေသည်​။ ထိုစဉ်​မှာပင်​ ဆက်​ပိုင်​က ​ခေါင်းရင်းခြံတွင်​ လူရိပ်​မြင်​လိုက်​ရ​တာ​ကြောင့်​ အံ့အားသင့်​သွားရသည်​။

"သျှိုင်း.... ၀တ်​မှုံ​တို့​ရောက်​​နေတာလား"

"အင်း..... လူ​တွေ​ရောက်​​နေတယ်​ ၀တ်​မှုံလည်းပါတယ်​"

ပြန်​​ဖြေလိုက်​ခြင်းနှင့်​အတူ အ​တွေးအာ​ရေုံက စာ​စောကပန်းသူခိုးကို ​တွေးမိပြန်​သည်​။ သူ​တောင်​ဘုရားတင်​ရုံ​လေးခူးပြီး ကျန်​တာကို မထိရက်​မကိုင်​ရက်​ အပင်​မှာ အလှထားတာ သူကလာခူး​သွား​သေးတယ်​။ စိတ်
တိုလိုက်​တာ။

ဆက်​ပိုင်​က​တော့ စူပုတ်​လာသည့်​ သျှိုင်းရဲ့မျက်​နှာကို နည်းနည်းက​လေးမှ မရိပ်​မိဘဲ အိပ်​ရာ​ပေါ်ပစ်​လှဲကာ ဖက်​လုံးကို ခွထားလိုက်​သည်​။

မေ၀တ်​မှုံက သည်​ခြံကိုရှင်းလင်းဖို့ရာ သူမရဲ့မိ​ဘ​တွေလာ​ရောက်​သည့်​ အချိန်​တိုင်းလိုလိုပင်​ လိုက်​လာတတ်​သည်​။ သျှိုင်းနဲ့လည်း ခင်​မင်​​နေပြီဖြစ်​ကာ ဆက်​ပိုင်​နဲ့သိတာက​တော့ သိပ်​မကြာ​သေး​ပေ။

"ငါ သူ့ကိုသွားနှုတ်​ဆက်​သင့်​လား"

ဆက်​ပိုင်​​​မေးလိုက်​​ပေမယ့်​ အ​ဖြေကပြန်​မလာ။ သျှိုင်းကိုကြည့်​လိုက်​​တော့ အတည့်​ဖြစ်​​နေပြီဖြစ်​တဲ့ စာအုပ်​ကြီးကိုင်​ကာ ငိုင်​လို့။ ဆက်​ပိုင်​ စိတ်​​ပေါက်​​ပေါက်​နဲ့ ​ခေါင်းအုံးတစ်​လုံးယူကာ ပစ်​​ပေါက်​လိုက်​​တော့သည်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now