အခန်း ၁၄။ ဂျယ်လီတုံးလေးလို အိစက်နွေးထွေးသော.....
နွေရာသီ၏နံနက်ကား နေမင်း၏ ရောင်နီနှင့်အစပြုချေပြီ။ သစ်ပင်တွေထက်မှာတော့ ငှက်ငယ်တို့ အိပ်တန်းထလေပြီ။ ခေတ်တို့မောင်နှမသည်လည်းပဲ အိပ်ရာထကာ ပြင်ဆင်ပြီးနောက် အထုပ်ကိုယ်စီဆွဲကာ ဧည့်ခန်းကို ရောက်ရှိလာကြပြီ။
နာရီကြည့်တော့ နံနက် ၇နာရီ။ စထွက်မည်ဟု ပြောထားသည့် အချိန်နီးနေပြီမို့ မှုံလေးရဲ့ ဒယ်ဒီနဲ့မာမီကို နှုတ်ဆက်ကာ တစ်ဖက်ခြံသို့ကူးလာခဲ့တော့သည်။ မှုံလေးမိဘတွေက သင်္ကြန်ရုံးပိတ်ရက်ကုန်မှ ရန်ကုန်ကို ပြန်ကြမှာဖြစ်သည်။
------------
"မစီးဘူး..... ကားမစီးချင်ဘူးလို့..."
ခြံရှေ့သို့ရောက်သည်နှင့် ကြားလိုက်ရသော အသံစူးစူးလေးကြောင့် ခေတ်ပြုံးမိသွားရသည်။ ချာတိတ် သူ့မိဘတွေကို ဂျစ်တိုက်နေပြီထင်ပါရဲ့။
ခေတ်ထင်သည့်အတိုင်းပင်။ သျှိုင်းတစ်ယောက် အားလုံးပြင်ဆင်ပြီးလို့ သွားကာနီးကျမှ ကားမစီးချင်ဘူးဆိုကာ ဂျစ်တိုက်နေတာဖြစ်သည်။
မိခင်ဖြစ်သူကတော့ ကားရောက်နေပြီဖြစ်ကာ ပစ္စည်းတွေ တင်နေသည်မို့ သျှိုင်းကိုစိတ်မရှည်တော့ပါချေ။ ဖခင်ကတော့ သားဖြစ်သူကို ချော့မောနေသည်။ သို့သော်လည်း သျှိုင်းကတော့ ခေါင်းသာခါနေမြဲ။
"သားငယ် မေကြီးထပ်မပြောချင်ဘူးနော် ဖေကြီးနော် ရှင့်သားကိုအလိုမလိုက်နဲ့ အရင်နေ့က ကားငှားထားတယ်ဆိုကတည်းက ဂျစ်တိုက်နေတာ"
"မေကြီးကလဲကွာ သားကကားမူးတတ်တာ သိလျက်နဲ့ကို"
"ကားမူးတာ ဆေးသောက်လို့ရတယ်လေ"
"မေကြီးကလဲ သားကဆေးမသောက်ချင်...."
"သားငယ်!!! မေကြီးထပ်မပြောချင်ဘူးနော်...."
![](https://img.wattpad.com/cover/215766136-288-k801273.jpg)
YOU ARE READING
ပိတောက်ကကြိုး (Own Creation) Completed
Romanceပိတောက်ပန်းဆိုတာ ကိုယ့်တို့အတွက်တော့ ရင်ချင်းဆက်ပြီးချည်ဖို့ ကြိုးတစ်ချောင်းပေါ့ ချာတိတ်ရယ်.... ကိုယ်မင်းကို ဘယ်လောက်တောင်မှ တမ်းတနေခဲ့ပါကြောင်း သင်္ကြန်ရောက်တိုင်း ကကြိုးဆင်နေမြဲ ပိတောက်တွေက ကိုယ်စားဖြေပေးလိမ်...