အခန်း ၁၁။ ချာတိတ်​... မင်းသိပ်​ဆိုးတယ်

334 33 2
                                    

အခန်း ၁၁။ ချာတိတ်​... မင်းသိပ်​ဆိုးတယ်

ခေတ်​အ၀တ်​လဲပြီး သျှိုင်းအနားကိုပြန်​လာ​တော့ သျှိုင်းကပန်းချီကားကို ​ငေး​မောလို့​နေသည်​။

"ချာတိတ်​ရွံသွားလား အစ်​ကိုက gay ဖြစ်​​နေလို့​လေ"

"ဟင့်​အင်း နည်းနည်း​လေး အံ့သြသွားရုံပါ"

ခေတ်​ရဲ့အ​မေးကို သျှိုင်း​တစ်​​ယောက်​ ​ခေါင်းပါခါပြရင်း ငြင်းဆန်​မိသည်​။ gay ဆိုတာ​ရော လူပဲမဟုတ်​လား။ လူလူချင်း ဘာ​ကြောင့်​ ရွံမုန်းရမည်​လဲ။ ​ခေတ်​မှာသည်​လို ခွဲခြားဆက်​ဆံတတ်​သည့်​ စရိုက်​မရှိ​ပေ။

"ချာတိတ်​... လူဝင်​စားဆိုတာယုံလား"

သျှိုင်းရဲ့ပြန်​​ဖြေသံပင်​ထွက်​မလာ​သေး။ ​ခေတ်​က ပန်းချီကားထက်​မှ အတာ့ရဲ့မျက်​နှာ​လေးကို လက်​ဖြင့်​ဖွဖွထိ​တွေ့ရင်း ဆက်​​ပြောသည်​။

"တစ်​ကယ်​​တော့ အစ်​ကို့ချစ်​သူကဆုံးသွားခဲ့ပါပြီ... ဒါ​ပေမယ့်​ တစ်​​နေ​နေ့ သူပြန်​လာမယ်​လို့ ယုံကြည်​တယ်​"

ခေတ်​ရဲ့စကားသံကိုနား​ထောင်​နေသည့်​ သျှိုင်းတစ်​​ယောက် ပန်းချီကားကိုကြည့်​ရင်း မျက်​ရည်​​တွေက ပြန်​လည်​​ဝေ့သီလာပြန်​သည်​။

"အစ်​ကို့ချစ်​သူက ကားတိုက်​ခံခဲ့ရတာလား"

ှသျှိုင်းရဲ့အ​မေးစကားကို ​ခေတ်​အနည်းငယ်​ အံ့သြသွား​ပေမယ့်​လည်း ညီမဖြစ်​သူဆီက သိရတာဖြစ်​မည်​ဟု ပြန်​​တွေးမိကာ 'ဘယ်​လိုသိတာလဲ'လို့ မ​မေး​နေ​​တော့ပေ။

"ဟုတ်​တယ်​ အစ်​ကိုတို့ နှစ်​​ယောက်​လုံး အတူတူ accident ဖြစ်​ပြီးဆုံးခဲ့တာ ဒါ​ကြောင့်​ ချာတိတ်​ကို​မေးတာ​လေ လူဝင်​စားဆိုတာကို ယုံလားလို့"

ခေတ်​ကအတာ့ပန်းချီကား​လေးကို ကြည့်​ရင်း​​ထပ်​​ပြော​တော့ သျှိုင်း​ဖြေလိုက်​သည်​။

"ကျွန်​​တော်​ယုံတယ်​"

"အင်း...ချာတိတ်​ဘာစားပြီးပြီလဲ"

"ဟင့်​အင်း"

"ဒါဆိုတစ်​ခါတည်း လိုက်​ခဲ့မလား နား​နေခဲ့ချင်​လား အစ်​ကိုကလုပ်​ရမှာ​တွေရှိ​သေးလို့"

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now