အခန်း ၄ ။ တစ်ကယ်အပမှီနေတာက ဘယ်သူလဲ။
အတိတ်အကြောင်းပြန်စဉ်းစားနေချိန် ထွက်ပေါ်လာသော တံခါးခေါက်သံက ခေတ်ရဲ့အတွေးတွေကို ရပ်တန့်သွားစေသည်။
ပန်းချီကားထံမှ အကြည့်ကိုရုပ်ကာ တံခါးသွားဖွင့်ပေးလိုက်တော့ ပိတောက်ပန်းခက်လေးတွေ ခေါင်းမှာဝေနေအောင် ပန်ထားသည့် ညီမဖြစ်သူက အခန်းဝမှာ ရပ်ကာစောင့်လို့။
"ထမင်းစားဖို့လာခေါ်တာ ကိုကို"
"အင်း......."
"ဟင်..... ကိုကိုငိုထားတာလား"
ရုတ်တရက် မှုံလေးက ခေတ်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ကာမေးတော့ ခေတ်ပင်ကြောင်သွားရသည်။
"ဟင့်အင်း မဟုတ်ပါဘူး ဘာလို့လဲ"
"မငိုဘူးသာပြောတယ် မျက်ရည်တွေနဲ့"
မှုံလေးက ပြောရင်းဆိုရင်း ခေတ်ရဲ့မျက်ရည်တွေကို လှမ်းသုတ်ပေးလေသည်။ ထိုအခါမှ ခေတ်လည်း သြော်..... တစ်ကယ်ကို မျက်ရည်တွေ ကျနေမိတာပဲဟု သတိရတော့သည်။
အတာ့အကြောင်းတွေးမိတိုင်း အမြဲထွက်နေကျမျက်ရည်တွေက ခေတ်အတွက် သိပ်တော့လဲ မထူးဆန်းတော့ပါဘူးလေ။
"အာ....ခုနက အိပ်ချင်နေလို့ သမ်းလိုက်တာပါ ညီမလေးရဲ့ ကိုကိုရေချိုးလိုက်ဦးမယ် ပြီးမှ ဆင်းခဲ့မယ်နော်"
ခေတ်ကအတိတ်ဘ၀အကြောင်း ညီမဖြစ်သူကို ပြောပြဖူးပေမယ့် အခုထိုအရာကြောင့်ပဲ မျက်ရည်ကျနေသည်ဆိုတာသိရင် စိတ်မကောင်းဖြစ်မှာစိုးတာမို့ ပါးစပ်ထဲရှိတဲ့အတိုင်း အကြောင်းပြလိုက်သည်။
"ဟုတ်ကိုကို ညီမလေးတို့ စောင့်နေမယ် မြန်မြန်ချိုး"
"ok ပါဗျာ"
ထမင်းစားရန်လာခေါ်သည့် ညီမဖြစ်သူ အခန်းရှေ့က ပြန်ထွက်သွားတော့ ခေတ်ကအခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ၀တ်ထားသည့် အင်္ကျီနဲ့ဘောင်းဘီရှည်ကိုချွတ်ချလိုက်ပြီး ခါးမှာတဘတ်တစ်ထည်ပတ်လိုက်သည်။
YOU ARE READING
ပိတောက်ကကြိုး (Own Creation) Completed
Romanceပိတောက်ပန်းဆိုတာ ကိုယ့်တို့အတွက်တော့ ရင်ချင်းဆက်ပြီးချည်ဖို့ ကြိုးတစ်ချောင်းပေါ့ ချာတိတ်ရယ်.... ကိုယ်မင်းကို ဘယ်လောက်တောင်မှ တမ်းတနေခဲ့ပါကြောင်း သင်္ကြန်ရောက်တိုင်း ကကြိုးဆင်နေမြဲ ပိတောက်တွေက ကိုယ်စားဖြေပေးလိမ်...