အခန်း ၁၅။ ​မျှော်​လင့်​ချက်​​တွေ ပြည့်​စုံခဲ့​လေပြီ။

301 37 4
                                    

အခန်း ၁၅။ ​မျှော်​လင့်​ချက်​​တွေ ပြည့်​စုံခဲ့​လေပြီ။

ဟိုင်း​ဝေးလမ်းမကြီး​ပေါ်မှာ ​မောင်းနှင်​လာသည့်​ ဆိုင်​ကယ်​​လေးက သျှိုင်း၏​ရွာလမ်းခွဲဆီသို့​ ​ကွေ့ဝင်​ရန်​ အချက်​ပြစကားသံ​ကြောင့်​ ".....ရွာမှ ကြိဆိုပါ၏" ဟူသည့်​ ဆိုင်းဘုတ်​​ရှေ့တွင်​ ရပ်​တန့်​သွားသည်​။

တိုက်​ဆိုင်​မှု​တွေများလာသည့်​အခါ ​မျှော်​လင့်​ချက်​​ရောင်​ခြည်​​တွေ ​တောက်​ပလာတတ်​တာဟာ သဘာဝပဲ မဟုတ်​လား။

မျက်​စိ​ရှေ့မှာမြင်​​နေရသည့်​ ရွာအမည်​ကိုကြည့်​ရင်း ​ခေတ်​မျက်​ရည်​​တွေ ​ဝေ့သီလာရသည်​။ သျှိုင်းက​တော့ ​ကွေ့ဝင်​ပြီးကာမှ ဆက်​မ​မောင်းဘဲရပ်​​နေသည့်​ ​ခေတ်​ကိုနားမလည်​နိုင်​။

"အစ်​ကို... ဘာဖြစ်​လို့လဲ ဆီကုန်​တာလား"

သျှိုင်းရဲ့အ​မေးစကားကို ​ခေါင်းသာခါပြပြီး​နောက်​ ဆက်​လက်​​မောင်းဝင်​လာလိုက်​သည်​။ အလှူအိမ်​ကိုမ​ရောက်​ခင်​ ခပ်​​ဝေး​ဝေးကတည်းက သင်္ကြန်​သီချင်းသံ​တွေကို ကြား​နေရသည်​။

ရေပက်​ရန်​​ပြေးလာသည့်​ က​လေး​တွေကို​တော့ ​နေပူထဲကလာတာမို့မပက်​ရန်​​ပြောရသည်​။ က​လေး​တွေကလည်း နားလည်​ရှာပါသည်​။ ​ခေါင်းညိတ်​ကာ ​နောက်​ဆုတ်​ပြီးမှ ရယ်​​မောကာ လှမ်းပက်​တာကလွဲလို့​ပေါ့။

ရွာထဲ​မောင်းဝင်​လာပြီး အနည်းငယ်​ကြာ​တော့ အလှူအိမ်​သို့​ရောက်​​လေပြီ။ သျှိုင်းကအရင်​ကတည်းက ​ရောက်​ဖူးသူမို့ သည်​ရွာကလူ​တွေနှင့်​ စိမ်းသက်​မ​နေပါ​ချေ။ သူတို့ဆိုင်​ကယ်​ရပ်​သည်​နှင့်​ ၀တ်​မှုံက ​ပြေးထွက်​လာသည်​။

"လာလာ...သျှိုင်း... အိမ်​ထဲအရင်​၀င်​ ကိုကိုလည်းလာ​လေ... "

"ဆက်​ပိုင်​​ရော..."

"သူကဘုန်းကြီး​ကျောင်းမှာ...."

မှုံ​လေးက ရွာကလူ​တွေကိုနှုတ်​ဆက်​​နေသည့်​ သျှိုင်းကိုဆွဲ​ခေါ်သွား​ရင်း အစ်​ကိုဖြစ်​သူကိုပါ လှည့်​​ပြောလိုက်​သည်​။ ဒါ​တောင် သျှိုင်းက ဆက်​ပိုင်​ဆီအရင်​သွားမည်​လုပ်​​နေ​သေးသည်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now