အခန်း - ၈။ သင်္ကြန်​အကြို​နေ့

337 41 6
                                    

အခန်း - ၈  သင်္ကြန်​အကြို​နေ့

အ​ရှေ့ဘက်​မိုးကုပ်​စက်​၀ိုင်းဆီမှ ​နေမင်းကြီးက လင်းရောင်​စင်​​တွေဖြာလျက်​ ​လောကတစ်​ခွင်​အလင်း​ပေးရန်​ တ​ရွေ့​ရွေ့နှင့်​ ​ကောင်းကင်​​ပေါ်သို့ တက်​လာ​လေပြီ။

ညတုန်းက သင်္ကြန်​မိုး​ပြေး​ကြောင့်​ မစိုတစို​​လေး ဆွတ်​ဖြန်းထား​ခြင်းခံလိုက်​ရ​သော မိုး​ရေစက်​တို့စို​နေသည့်​ သစ်​ရွက်​တို့လဲတဖြည်းဖြည်း ​​သွေ့ခြောက်​​လာကြပြီ။

နေ့အလင်း​ရောက်​ထွက်​လာသည်​နှင့်​ အစာရှာငှက်​​လေးတို့​ကောင်းကင်​မှာ ပျံသန်းရင်း ကျီကျီကျာကျာ​အော်​မြည်​​နေသည်​ကလဲ ​သာယာဖွယ်​မနက်​ခင်းကို ထပ်​ဆင့်​လှပ​အောင်​ ပံ့ပိုး​ပေး​နေသ​ယောင်​ရှိသည်​။

သို့​သော်​လဲ ဤမျှလှပ​သော နံနက်​ခင်းအလှအပတို့အားခံစားတတ်​ခြင်းအလျဉ်းမရှိသည့်​အလား နှစ်​ခြိုက်​စွာ အိပ်​​မောကျ​နေသည့်​ သူတစ်​ဦးလဲရှိ​လေသည်​။

"သား​ရေ ထ​တော့"

ဒေါ်လွင်​၀င့်​ဝါ သားဖြစ်​သူရဲ့အခန်းတံခါးကို တ​ဒေါက်​​ဒေါက်​​ခေါက်​ရင်း အအိပ်​ကြီးသူ ကာဠနဂါး​လေးကို နှိုး​နေသည်​။ သို့​သော်​လဲ သျှိုင်းဝဿန်​က​တော့ တုပ်​တုပ်​မျှမလှုပ်​။ အိပ်​​နေရင်း ပြုံး​နေပုံက အိပ်​မက်ထဲ နတ်​သမီး​လေး တစ်​ဖက်​ငါးရာပင်​ ဖက်​ထားရသလိုလို။

အခန်းပြင်​က နှိုးမရသည့်​အဆုံး ​ဒေါ်လွင်​၀င့်​ဝါ သားဖြစ်​သူအခန်းထဲဝင်​လာရ​တော့သည်​။

"သား​​လေးရေ ထ​တော့......"

ဒေါ်လွင်​၀င့်​ဝါ သျှိုင်းဝဿန်​ရဲ့ ပုခုံး​လေးကို လှုပ်ကာနှိုး​တော့ ပါးစပ်​က ၀ူးဝါးဝူးဝါး​ပြောရင်း ခွလုံးကို ပယ်​ပယ်​နယ်​နယ်​ဖက်​ကာ တစ်​ဖက်​ပင်​လှည့်​ကာ ပြန်​အိပ်​လိုက်​သေးသည်​။

"​မေ့သား​လေး ထ​တော့​လေ ဒီ​နေ့ဟိုဘက်​အိမ်​မှာ အလှူအတွက်​ချက်​ပြုတ်​​နေကြတာ သွားကူဦး​လေ"

ဒေါ်လွင်​၀င့်​ဝါ သားဖြစ်​သူရဲ့လက်​ကို ပုတ်​ကာနှိုးလိုက်​ပြန်​သည်​။ သို့​သော်​လဲ သျှိုင်းဝဿန်​မလှုပ်​။ ကြာ​တော့ ​​ဒေါ်လွင်​၀င့်​ဝါ တစ်​​ယောက်​ စိတ်​မရှည်​ဖြစ်​လာကာ.......

ပိ​တောက်​ကကြိုး (Own Creation) CompletedOnde histórias criam vida. Descubra agora