အခန်း ၁၂။ ဒုတိယ အကြတ်​​နေ့။

296 30 0
                                    

အခန်း ၁၂။ ဒုတိယ အကြတ်​​နေ့။

ဒုတိယအကြတ်​​နေ့နံနက်​သည်​ ချစ်​စရာမြန်​မာ့သင်္ကြန်​၏ ​ရေ​လောင်း​ရေပက်​သံတို့ဖြင့်​ စတင်​အသက်​၀င်​လာခဲ့သည်​။ တစ်​မနက်​လုံး လမ်းထိပ်​ကမဏ္ဍပ်​မှာ​ရေကစားကြပြီး​နောက်​ ည​နေကို​တော့ ​ရေပက်​ခံထွက်​ရန်​ စီစဉ်​ထားကြသည်​။

ည​နေ ၃နာရီ။ ​နေ​ရောင်​က ပူ​လောင်​​နေသည်​ဆို​သော်​လည်း သည်​အချိန်​ထက်​​နောက်​ကျလျှင်​ ​ရေပက်​ခံထွက်​ရတာ ​အေးသွားနိုင်​သည်​။ 

စင်းလုံးငှားထား​သော အမိုးဖွင့်​သုံးဘီးက အိမ်​​ရှေ့​ရောက်​​နေပြီမို့ ​ခေတ်​တစ်​​ယောက်​ ညီမဖြစ်​သူကို မြန်​မြန်​ပြင်​ဆင်​ရန်​ ​လောလိုက်​ပြီး မိမိအခန်း၏ ပြတင်း​ပေါက်​မှတစ်​ဆင့်​ တစ်​ဖက်​အိမ်​သို့ပါ လှမ်းကာအသံ​ပေးလိုက်​သည်​။

"ချာတိတ်​​ရေ သုံးဘီး​ရောက်​​နေပြီ..."

"ဟုတ်​ လာပြီအစ်​ကို​ရေ..."

သျှိုင်းပြန်​​ဖြေပြီး​နောက် ​ဖေကြီးနဲ့​မေကြီးကို နှုတ်​ဆက်​ကာ တစ်​ဖက်​အိမ်​​ရှေ့သို့ထွက်​လာခဲ့​လေ​တော့သည်​။ မနက်​ဖြန်​ ဆက်​ပိုင်​တို့ရွာဆီ ခရီးထွက်​ဖို့ အ၀တ်​အထည်​စသည်​ကလည်း ​မေကြီးလုပ်​​ပေးမှာမို့ မပူရ​ပေ။ သူထည့်​ချင်​တာရှိလျှင်​လည်း ညကျမှလုပ်​​​တော့မည်​​လေ။

သည်​​နေ့က သျှိုင်းအတွက်​ ဒီနှစ်​ရဲ့​နောက်​ဆုံးပိတ်​ သင်္ကြန်​ကဲခွင့်​ရမည့်​ရက်​မို့ တက်​ကြွလွန်း​နေတာဖြစ်​သည်​။ ဆက်​ပိုင်​မရှိ​တော့ ထွက်​မလည်​ရ​လောက်​​တော့ဘူး ထင်​​ပေမယ့်​ ဟိုလင်​လွန်းပင်​ကြီး ​ကောင်းမှုနဲ့​ဆော့ခွင့်​ရသည်​မို့ ကျန်းမာပါ​စေ​ကြောင်း ​မေတ္တာ​ကလည်း ပို့ရသးသည်​။

သျှိုင်းသုံးဘီး​ဆီ​ရောက်​​တော့ ​သူကလွဲလို့ ​ခေတ်​တို့​မောင်​နှမအပြင်​ တခြားအတူလိုက်​ဖို့​ပြောထားသူ​တွေလည်း စုံ​နေကြ​လေပြီ။ သျှိုင်း​ရောက်​​တော့ ထိုင်​ရန်​ ​နေရာ​ပေးသည်​က ​ခေတ်​ရဲ့​ဘေးမှာ။

သျှိုင်း​ရောက်​ပြီးသည့်​​နောက်​ ​ရေပက်​ခံရန်​အမိုးဖွင့်​ထားသည့်​ သုံးဘီးကားလည်း စတင်​ထွက်​ခွာ​လေ​တော့သည်​။ သျှိုင်း​...​ ​ခေတ်​ရှိရာဘက်​ကို ​ခေါင်း​လေး​စောင်းကြည့်​​တော့ ညီမဖြစ်​သူနှင့်​ ​ပျော်​ရွှင်​စွာရယ်​​မော​နေ​လေသည်​။

ပိ​တောက်​ကကြိုး (Own Creation) CompletedWhere stories live. Discover now