Ep-1

42.6K 1.9K 33
                                    

Unicode

"ကယ်ကြပါအုံး!! အားးး"

မနက်မိုးလင်းရုံရှိသေး အဆောင်နား
အော်ဟစ်ကာ ပတ်ပြေးနေသော သူကြောင့်
အဆောင်တံခါးကို တွန်းဖွင့်လိုက်ကာဖြင့်

"ဘာဖြစ်နေတာလဲ!!"

လူထွက်လာပြီဆိုတော့ ပတ်ပြေးနေတဲ့
ကောင်လေးဟာ အားကိုးရာတွေ့သွားပြီဟန်
အတင်း​ပြေးကပ်လာတော့တယ်

"ကျန်းချန်.....ဟိုမှာ ခွေး! ခွေး!"

သူ၏ကိုယ်နောက်၌ အတင်းကွယ်ကာ ရှေ့မှ
မာန်ဖီနေသော ခွေးအား လက်ညိုးတထိုးထိုးနဲ့

"လွှတ်စမ်းကွာ!"

"ခွေးကို အရင်မောင်းထုတ်ပေး "

သူ့ကိုဖက်ကာ တရှုံ့တရှုံ့နဲ့ဖြစ်လာတာ ကြောင့်
ကျန်းချန် စိတ်ညစ်ညစ်နဲ့ သူ့ရဲ့ခွေးအသစ်လေး
ကို မောင်းထုတ်လိုက်ရတော့တယ်

"သွားပြီလား?"

"ကျစ်* ထွက်ခဲ့တော့ မင်း"

ကျန်းချန် ဆိုတဲ့ သခင်လေးဟာ သူ၏ အကျီ
တို့ကို ခါရင်း ပြော၏ ။ ထိုအခါ ထိုကောင်လေးက
ရယ်ကျဲကျဲနဲ့ ခွာသွားရင်း

"ငါလည်း အ​ကြောက်လွန်သွားလို့ပါ"

"စိတ်တိုဖို့ကောင်းတယ်!
တိတ်တိတ်နေ.......ငါ အစိုးရစာမေးပွဲအတွက်
စာကျက်ရအုံးမယ်"

ထိုသခင်လေးဟာ အကျီလက်တို့ကို ဟန်ပါပါ
ခါလိုက်ရင်း သူ့ရဲ့အဆောင်လေးထဲသို့ ပြန်ဝင်
သွားတယ်။ နောက်မှ ထိုကောင်လေးကလည်းလိုက်ပါလာပြီး

"ကျန်းချန်! မင်းစာမေးပွဲအောင်ရင် အရာရှိ
ဖြစ်မှာပေါ့နော်"

"နန်းတော်ထဲမှာ အဆင့်ရှိတဲ့ လူတစ်ယောက်
ဖြစ်မှာ"

"ဝိုး မိုက်လိုက်တာ....ငါလည်းဖြေချင်တယ်"

ထိုကောင်လေးဟာ မျက်လုံးလေးများ.အရောင်
တလဲ့လဲ့နဲ့ ပြောလာ၏။ ထို့ကြောင့် ကျန်းချန်
သက်ပြင်းချကာစိတ်မကောင်းသည့်ဟန်

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now