Ep(12)

15.7K 1.4K 46
                                    

Unicode

မနက်ခင်း ရာသီဉတု ကပိုလို့သာယာနေတယ်၊
မနေ့က မိုးလေးကြီးသလောက် ယခုတော့ ကောင်းကင်က ကြင်လင်လို့နေတယ်

ပထမဆုံး နိုးလာသည်နှင့် ခံစားလိုက်ရသည်က
တစ်ကိုယ်လုံးနာကျင်နေသည်ကိုပဲ။ မျက်လုံးကို
ဖြေးညှင်းစွာ ဖွင့်လိုက်တော့ ကုတင်ပေါ်၌ သူ
တစ်ယောက်ထဲပါ 

သက်ပြင်းကို ခပ်ဖွဖွတို့ချမိပြန်တယ် ။ မတွေ့တာဘဲ ကောင်းပါတယ် မဟုတ်ရင် သူ မနေ့ညက
အဖြစ်အပျက်ကို သတိရနေမိအုန်းမှာ

"သခင်လေး နိုးရင် ရေသန့်စင်ဖို့ အရှင်က မှာထားပါတယ်"

အသံကြားမှ သတိထားမိတော့ သူ့အခန်းထဲမှာ
အပျိုတော်တွေရောက်နေတာပဲ။ မိမိကိုယ်ကို
ပြန်ကြည့်မိရင်း လွတ်နေတဲ့အပေါ်ပိုင်းကို အမြန်အကွာအကွယ် ယူကာ ဖုံးလိုက်တော့တယ်

အားလုံးက ခေါင်းငုံ့နေကြသည်ဆိုတော့ သူ့ကို
မြင်မှာတော့ မဟုတ်ပါလေ

ဝေ့ရင်း ထလိုက်တော့ လူက အောက်ပိုင်းမှ
ဆစ်ခနဲ နာကျင်သွားရတဲ့ အတွက်ကြောင့် လဲကျ
မလို ဖြစ်တယ်။အပျိုတော်ကလည်း လာထူ
ဖို့ ရွယ်လာတာကြောင့် လက်ကာပြလိုက်ရင်းပင်

"ရတယ်....ကျွန်တော့် ဘာသာပဲ သွားပါ့မယ်"

တခြား မိန်းကလေးရှေ့မှာ အခုလိုမျိုး သူ့ပုံစံ
ကြောင့် တကယ်ကို မျက်နှာပူရတယ်

ရေချိုးကန်ထဲ ရောက်တော့မှ နာကျင်မှုတွေက
တစ်ဝက်လောက် သက်သာသွားသလိုပဲ ၊ ရေထဲ
သေချာကြည့်မှ ဆေးတစ်မျိုး အနံ့ရတယ် ပြီးတော့ ခပ်သင်းသင်းရနံ့လေးရောပဲ...ဒီအရာကတော့ သူ့ကို စိတ်တို့ကြည်စေသည်

***************

ဒီနေ့ အဝတ်အစားတောင် အထိန်းတော်တွေမဝတ်ခိုင်းစေဘဲ သူကိုယ်တိုင် ဝတ်တယ်။ လွတ်လပ်သွားသည်ကတော့ အမှန်ပင်

ဆံပင်တွေကိုလည်း ကြိုးအနီလေးဖြင့် ခပ်ဖွဖွ ထုံးကာ ထားလိုက်တယ် ။ အရှင့်ရဲ့ အကြိုက်တိုင်း
နေဖို့လည်း စိတ်မကူးမိတော့

"ဝေ့သခင်လေးက အရှင့်ချီးမြှောက်ခံထားရတာတဲ့"

အဆောင်ပြင်ထွက်လာတော့ အပျိုတော်တစ်စု
တီးတိုးပြောနေတာကို အတိုင်းသားကြားလိုက်ရတော့တယ် 

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now