Ep(25)

12.3K 1.4K 65
                                    

Unicode

အခြေအနေသက်သာလာပြီးတဲ့နောက်မှာ ကြင်ယာတော် အဆောင်ဆိုတဲ့နေရာကို သူပြောင်းရွှေ့လာရတယ်

"ဗိုက်ဆာတယ် တစ်ခုခု ပြင်ပေးလို့ရတယ်မှတ်လား"

"ရှင်...ဟုတ် ဟုတ်ကဲ့ပါ ဝေ့သခင်လေး"

နန်းတွင်းသူတွေက ခေါင်းလေးအလျိုလျိုငုံ့လို့
သူ့ ရှေ့ကထွက်သွားကြတယ် ။ ကျန့်ကျန့် တစ်ယောက် လက်လေးကို နောက်ပစ်လို့ လျှောက်ကြည့်နေလျက်

"ဝေ့ဝူရှန့်!!"

နောက်ပါးဆီမှ အော်ခေါ်သံတစ်ခုကြောင့် သူ
လှည့်ကြည့်မိသည် 

ခရမ်းရောင်ဝတ်စုံနဲ့ လူတစ်ယောက် သူ့ဆီ
တည့်တည့်မတ်မတ်ကို လျှောက်လာတဲ့လူ

ဟင်! ကျိုးချန်...!!

အတန်းထဲက ဒေါသကြီးတဲ့ အတန်းခေါင်းဆောင်
သူ့ကိုဆို အမြဲအော်ငေါက်ပေမယ့် တစ်ခုခုဆိုရင်
စိတ်ပူတတ်တာလည်း နှစ်ယောက်မရှိတဲ့သူ

"ဝေ့ရင်း"

အနားရောက်တာနဲ့ ဆွဲကာပွေ့ဖက်ခြင်းခံလိုက်ရတော့တယ်။

အံမယ်! ဘယ်ဆိုးလို့လဲ ငါလေးက ဒီဘဝမှာထဲက
လူချစ်လူခင် ပေါသားပဲ

"ငါ မရှိတဲ့အချိန် တစ်ခုခု များဖြစ်သေးလား"

"အမ်းးးး မဖြစ်ပါဘူး အားလုံးအဆင်ပြေပါတယ်"

သွားလေးဖြီးလို့ ရယ်ကျဲကျနဲ့ ဆိုလာတဲ့ ဝေ့ရင်းပုံ
ကြောင့် ကျန်းချန် လည်းပြုံးလျက်ရှိတယ်။ ခဏအကြာ သူ စားဖို့ စားတော်ပွဲတော်ရောက်လာတော့ မှ ကျန်းချန် က တစ်ချက်ကြည့်လာရင်း

"ဒါဆို ငါသွားတော့မယ် နောက်မှအေးဆေးတွေ့တာပေါ့"

"အင်းအင်း"

ခေါင်းလေး ညိမ့်လို့ ပြန်ဖြေလိုက်သည်နှင့် ထို့နောက်မှာ ခရမ်းရောင်ဝတ်စုံနဲ့ သခင်လေး,
အဆောင်ထဲမှထွက်သွားပါတော့တယ်

"အဲ့တာ ဘယ်သူလဲ"

"ရှင်?"

နောက်ကျောကို လက်ညိုးလေးနဲ့လှမ်းပြကာ မေးတဲ့ ဝေ့သခင်လေးကြောင့် သူမတို့ကြောင်အလို့ ချက်ချင်းပြန်မဖြေမိ

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now