Ep(27)

12.2K 1.3K 40
                                    

Unicode

"အရှင်! အရှင်!"

ဝေ့ရင်းလက်ကိုသူတွဲလို့ ထွက်လာမှ အလောတကြးပြေးကာ ခေါ်လာတဲ့ ကိုယ်ရံတော် တပ်မှူး၊

"ဟို....ကျန်းမိဖုရား မေ့လဲသွားလို့"

"သမားတော်ဆောင် အရင်ပို့လိုက်"

"ဟုတ်ကဲ့ အရှင်"

သူ့အမိန့်လည်းရအပြီးတပ်မှူးက ပြန်ထွက်သွား၏
ရှောင်းကျန့် တစ်ယောက် ကျန်းရိကို လှမ်းကြည့်သည်။

တကယ်ပဲမေ့သွားတာလား ဟန်ဆောင်ပြီးပဲမေ့သွားတာလား....ဟုတ်တယ် သူကမူယာများနေကျ ပြောမရဘူးလေ

"ဝေ့ရင်း.....ဝေ့ရင်း!"

လန်ကျန့်ခေါ်မှပဲ သူ့အတွေးတွေ ပျောက်သွားတော့တယ် ။

"သွားရအောင်"

"အင်း"

ထို့နောက် အရှင်က သူ့ကိုတွဲလို့ ထိုနေရာမှထွက်ပြီးအဆောင်ကို သေချာပြန်လိုက်ပို့လေသည် 

မိဖုရားတစ်ယောက်လုံးလဲသွားတာတောင် ကိုယ်လုပ်တော် ကို တွဲလို့ ခေါ်သွားသည်မှာအများအမြင်၌ ပြောစရာဖြစ်နေပေမယ့် အရှင်က ဂရုစိုက်သည့်ပုံမပေါ်ပေ။

.................

"မိဖုရားမှာ ကိုယ်ဝန်ရှိနေတယ်!!"

သမားတော်လာပို့တဲ့သတင်းကြောင့် ဟန်မိဖုရား
အပျော်ကြီး ပျော်လို့ ဒါက ဝမ်းသာစရာသတင်းပဲမှတ်လား.....အရှင့်ရဲ့တော်ဝင်သွေးသားလေးရလာတာ

"အခု မိဖုရားဆောင်သွားမယ် အရှင့်ကိုလည်း
လာဖို့ အကြောင်းကြားလိုက်"

"ဟုတ်ကဲ့ပါ မိဖုရား"

ဟန်မိဖုရားက မိန့်ကြားပြီးနောက် အပျော်တွေနဲ့အတူ ကျန်းရိအဆောင်ကို ထွက်လာသည် ။
နောက်ဆုံးတော့ သူမ လိုချင်ခဲ့တဲ့ မြေးတော်လေး
ရတော့မည်လေ

****************

"ဘယ်နားတွေနာနေသေးလဲ"

"ဟင့်အင်း မနာတော့ဘူး"

"ကျန်းမိဖုရားကို အပြစ်ပေးရမယ်"

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now