Ep-2

16.7K 1.6K 24
                                    

Unicode

အသိက နိုးလာပေမယ့် မျက်လုံးတို့ဖွင့်မရသေး
တစ်ကိုယ်လုံး နာကျင်နေတာပဲသိတယ် ၊ နားထဲ၌လည်း ရေကျသံတွေနဲ့ ကျေးဌက်တွေရဲ့ အော်သံက တကျီကျီနဲ့

မျက်လုံးကို ကြိုးစား၍ဖွင့်လိုက်ကာ ဝေ့ရင်း
တစ်ယောက် ပတ်ဝန်းကျင် ကိုခေါင်းလေးလှည့်
ကာ လိုက်ကြည့်မိတယ်

ဒါဘယ်နေရာလဲ?
သူ ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ

ကိုယ်ကထလို့လည်းမရ ပြီးတော့ သူ့ကိုယ်ကို
တခြားလူတစ်ယောက်က ပွေ့ဖက်ထားသည်ကို
ပါ ခံစားနေရတယ်

"အားးးး!"

ဝေ့ရင်း အော်လိုက်ကာ ထိုသူ့လက်ထဲမှ ရုန်း
ထွက်လိုက်၏ ။ သို့သော် ထိုတစ်ယောက်ကတော့
လှုပ်တောင်မလှုပ်လာချေ

"ဟေ့! ဟေ့လူ!"

လက်ညိုးလေးနဲ့ ထိုသူ၏ လက်မောင်းကို
အသာထိကာ လှုပ်နိုးတယ် သို့သော် အချည်းနှီးသာ

"ဒဏ်ရာရထာတားပဲ"

သေချာကြည့်မိမှ လက်မောင်းမှာ သွေးတို့စွန်း
နေတဲ့ ဓားဒဏ်ရာ တစ်ချက် ။သူမှ မကုပေးရင် ဒီလူတော့ ဒီတောကြီးထဲမှာသေတော့မည် ။

"ရုပ်လေးက ကြည့်ကောင်းရဲ့သားနဲ့ ဒဏ်ရာတွေနဲ့မှမလိုက် "

ဝေ့ရင်း သက်ပြင်းတို့ကို မှုတ်ထုတ်လိုက်ရင်း
ထိုသူကိုယ်အား ဆွဲကာ အမိုးလုံလောက်မယ့် အနီးနားက ဂူလေးရှိရာ ရွှေ့လိုက်တယ်

ဘယ်လိုပဲဖြစ်ဖြစ် ဒီထဲမှာက အပြင်ကထက်
တော့ ပိုလုံခြုံသည်လေ

အနည်းငယ်တက်ကျွမ်းတဲ့ ဆေးပညာနဲ့ အရွက်
တစ်ချို့ကို ရှာဖွေရင်း ထုထောင်းကာ ဒဏ်ရာ
ပေါ်၌ အုံပေးလိုက်၍.....အဝတ်တစ်ထပ်ကိုချွတ်
ရင်း ထိုလူကို ရေပတ်တိုက်ရန် ပြင်ရပြန်သည်

ဝေ့ရင်း တစ်ယောက် အလုပ်ကိုရှုပ်လို့

အားလုံး ပြီးစီးသွားတော့ ထိုသူလည်း
သန့်သန့်ပြန့်ပြန့်တော့ ဖြစ်သွားပြီ။ လက်က
ဒဏ်ရာကလည်း ဆေးထည့်ရင်း အဝတ်နဲ့စည်း
ပေးထားရတယ်

"ဒီလိုကျ တော်တော်ကြည့်ကောင်းတဲ့သူပဲ
အသားအရေက အဲ့လောက်ထိ ကောင်းရလား"

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now