Ep(29)

13.7K 1.4K 46
                                    

Unicode

"လန်ကျန့်!"

နာမည်ကို အော်ခေါ်လို့ အပြေးရောက်လာတယ်။ ထိုစဥ် ဝေ့ရင်းအနားကိုလာဖို့လုပ်နေတဲ့ တစ်နေရာက ကျန်းချန်ကတော့ ရပ်ကြည့်နေရင်းမှအသာပြန်လှည့်လို့သွားခဲ့သည်။

"လန်ကျန့် မင်းလာတယ်"

"အင်း"

အပြင်ရောက်သည်နှင့် လန်ကျန့်က သူ့ကိုပွေ့ဖက်လို့လာတယ်။ နန်းတော်ထဲက ခိုးထွက်လို့လာသည်ထင်အပြင်ဝတ်စုံကလွဲလို့ ဘာမှကိုမပါတာ

"ဝေ့ရင်းကို လွမ်းလို့"

"အာ....မင်းကလည်း ငါတို့မတွေ့ရတာ နေ့တစ်ပိုင်းတောင် မကျိုးသေးဘူးလေ ညနေကပဲတွေ့လာရတာကို"

"မသိဘူး ကိုယ့်စိတ်ထဲတော့ ရာစုနှစ်တွေဖြတ်သန်းလိုက်ရသလိုပဲ"

ဆူပုတ်ပုတ်ဆိုလာတဲ့ အရှင်ကို သူ အူယားလွန်းလို့ ရယ်မိကာ ကြည့်နေမိတော့တယ်

"တအားကြီး ချစ်ဖို့ကောင်း!"

ပါးကိုဆွဲလို့ပြောတော့ အရှင်က ပြုံးရုံသာပြုံးနေသည်။ ထို့နောက် သူတို့၂ယောက်အတူ ကျန်းအိမ်တော်မှ မြို့တော်ရဲ့ညစျေးထဲ ထွက်လာခဲ့ကြတယ်။

မီးပုံးတစ်ထောင်ပွဲတော်ရက်နီးနေပြီမို့ မြို့တော်ထဲမှာ အရင်ထက် လူတွေပိုစည်သည်။ ယခုထဲက
မီးပုံးတွေချိတ်ဆွဲထားလေ့ရှိကြတယ် ။ ထိုနေ့ကျရင် မီးပုံးလွှတ်လို့ ဆုတောင်းကြသလိုရေထဲမြော၍လည်းဆုတောင်းကြတာမျိုးရှိသည်။

"လန်ကျန့်! ဒီကိုကြည့် စားကောင်းမယ့်ပုံပဲနော်"

ဝေ့ရင်းပြသော နေရာကိုကြည့်တော့ လူတော်တော်များများ ဝယ်နေကြတဲ့ မုန့်အချိုဆိုင်လေး ။
ဝေ့ရင်းက မုန့်အချိုတွေဆို သိပ်ကြိုက်တာသူသိသည် ။ ထို့ကြောင့် သူ ထိုထဲမှ တစ်ခုကိုယူလို့ လက်ထဲထည့်ပေးရင်း

"စားလေ"

"ငါ့ကိုကျွေးတာလား"

"အင်း စားချင်သလောက်ယူ"

"တကယ်!"

"အင်း"

ထို့နောက်မှာ ရှောင်းကျန့် တစ်ယောက် စားချင်တာလေးတွေရွေးလို့ မုန့်စားရလို့ ပျော်နေတဲ့ကလေးကို အရှင်က ပြုံးပြုံးကြီးကိုငေးနေလျက်ရှိသည်။

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now