Unicode
ညခင်းအချိန်က အေးချမ်းနေသော်လည်း
လန်ကျန့် ရင်ထဲတော့ မအေးနိုင် ဝေ့ရင်းဆီ
စာသေချာပေးခဲ့သော်လည်း ရောက်လာတဲ့သူက
တခြားမို့ ဘာပြောရမှန်းတောင် မသိတော့"ဝေ့ရင်း မပါလာဘူးလား"
ပထမဆုံး စပြောတဲ့ အရှင့်သားရဲ့စကားတဲ့လေ။
ကျန်းရိ ရင်ထဲ စူးခနဲ၊ သူမ ဟန်ဆောင်ပြုံးရင်း
သာ"ဝေ့ရင်းက သူချစ်ရတဲ့သူနဲ့ ခုချိန်တွေ့လောက်
ရောပေါ့""ဝေ့ရင်းမှာ ချစ်ရသူ ရှိတာလား"
"ရှိပါတယ် အရှင့်သား"
အဲ့တာကြောင့် မလာတာများလား....?
ရင်ထဲဆို့နစ်နစ်ဖြစ်သွားသလိုတောင် ခံစားလိုက်
ရတယ်။ သူ ဝေ့ရင်း ကိုမြင်ပြီး သနားစိတ်ဝင်မိ
တာတော့ လက်ခံတယ်.....ဒါပေမယ့် ချစ်သူရှိတယ်ဆိုတာနဲ့ သူကဘာလို့ ခံစားသွားရတာလဲ?"အထိန်းတော်မင်!"
လန်ကျန့် ခေါ်လိုက်တော့ အနားကိုယို့ကျိုးစွာ
ရောက်လာတဲ့ အထိန်းတော်ရယ်"ပြန်ရအောင် ဒီက မိန်းကလေးကျန်း လည်း
အိမ်တော်ကို ဂရုတစိုက် ပြန်ပါ""ဟုတ်ကဲ့ပါ အရှင့်သား.....ဒါနဲ့........"
ထပ်ပြောဖို့စကားရွယ်လိုက်ပေမယ့် လန်ကျန့်
က တော့ ထွက်သွားချေပြီ။ အကျီအပြာနုရောင်လေးနဲ့ အရှင့်သားနောက်ကျောကို ငေးရင်း
သူမ ပြုံးလာတယ်အရှင့်သားက သူမ နုလုံးသားတစ်ခုလုံးကို
ဆွဲဆောင်သွားခဲ့တာပါ။ လိုချင်တပ်မက်မိတာ
တော့ မမှားပါလေ********************
"မင်!"
"ဟုတ်ကဲ့"
"လူတစ်ယောက် ကိုအမြဲစိတ်ပူနေပြီး သူ့ကိုပဲ
စိတ်ထဲ တွေးနေမိတယ်.....ဘာကြောင့်လို့ထင်လဲ"နန်းတော်ပြန်ရောက်သော်လည်း အိပ်ဆောင်
မဝင်သေးဘဲ ထူးဆန်းတဲ့မေးခွန်းတွေကို မေးနေ
သော အရှင်သား ပါပဲ ။ မင် တစ်ယောက် ပြုံး
လိုက်ကာဖြင့်"အရှင့်သား ထိုသူကိုမေတ္တာရှိနေတယ်လို့ မထင်မိဘူးလား"