Ep(28)

12.6K 1.3K 33
                                    

Unicode

ဟန်မိဖုရား အဆောင်ရောက်တော့ ရှောင်းကျန့်တစ်ယောက် ဝင်လာတော့ ဟန်မိဖုရားကသူ့ကိုလှမ်းပြုံးပြတယ်

ပြီးနောက် စားပွဲလေးပေါ်တင်ထားတဲ့ ကြာပန်းလက်ဖက်ရည်ခွက်အား သူ့ရှေ့ကိုတွန်းပို့လာသည်။

"ခေါ်လိုက်ရတာက....အင်း ကျန်းမိဖုရားနဲ့ပတ်သတ်ပြီး ပြောစရာလေးရှိလို့"

" ....... "

"ကျန်းမိဖုရား မှာ ကိုယ်ဝန်ရှိတာသိမှာပေါ့"

"သိပါတယ်"

ထို့နောက် ဟန်မိဖုရား က စိတ်မသက်သာစွာသက်ပြင်းတို့ချလာတယ်

"အရှင်က ကျန်းမိဖုရားကို လာတောင်မကြည့်ဘူး
ကိုယ်ဝန်ဆောင်မို့ စိတ်အားငယ်နေရှာတယ်။ အခုလည်း မိဘတွေရှိတဲ့ကျန်းအိမ်တော် ကို ခဏပြန်မယ်ဆိုပြီး ခွင့်တောင်းသွားတယ်ကွယ်"

ရှောင်းကျန့် အကဲခတ်မိရသလောက်ကတော့ဟန်မိဖုရား က ကျန်းရိ အတွက်စိတ်မကောင်းဖြစ်နေတာပဲ 

"မင်းလည်းသိတဲ့အတိုင်း အရှင်က မင်းဆီမှာလာနေတာ။ နန်းတော်ကလူတွေပြောစရာဖြစ်နေပြီ
မယ်မယ် မင်းကိုလည်း အပြစ်မတင်ပါဘူး ပြောချင်တာက ကျန်းရိအတွက် အခုချိန်မှာပိုပြီးစဥ်းစားသင့်တယ်"

ကလေးရှိတယ်ဆိုတော့လည်း ဟန်မိဖုရားက
ဂရုစိုက်ပေးတာ မမှားပါဘူး။ သူကမှ ဘာမှဖြည့်ဆည်းမပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်ကိုး

"အရှင့်ကိုလည်း နားချပေးပေါ့ မယ်မယ် မင်းကို
ယုံပါတယ်"

" နားလည်ပါပြီ မယ်မယ်"

သူ့အဖြေကြောင့် ဟန်မိဖုရားလည်းကျေနပ်သွားသည့်ဟန် မျက်နှာညိုးတာက ချက်ချင်းအပြုံးတို့ဖြင့် ထို့နောက် သူ့လက်လေးကို ဆွဲယူလို့ ဆုတ်ကိုင်လာရင်း

"ပြီးတော့လေ ကျန်းရိက မယ်မယ့်ဆီခွင့်တောင်းသွားသေးတယ်။ သားကို ကျန်းအိမ်တော်ဆီခဏလွှတ်ပေးပါတဲ့ အရင်တုန်းကလည်း ကျန်းရိအနား
နေပေးဖူးတယ် မှတ်လား"

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now