Unicode
ဘုရင့်နန်းဆောင်ဆီလာရန် မိန့်ကြားလာတော့
ဝေ့ရင်း တစ်ယောက် လာရပြန်တယ်အထဲရောက်တော့ အရှင်က အစီရင်ခံစာတွေဖတ်နေတာထင်။ အလုပ်တွေနဲ့ ပုံနေသလိုပဲ။
"ဝေ့ရင်း ဒီကိုလာ"
အရှေ့မှထိုင်ဖို့ ရွယ်တော့ အရှင်က သူ့နားကိုခေါ်တယ်။ ကိုယ်လုပ်တော် တစ်ယောက်အနေနဲ့ သွားထိုင် ဖို့ မသင့်တော်ပေမယ့်လည်း အရှင့်ရဲ့အမိန့်မို့ သွားထိုင်လိုက်ရလျက်
"ကိုယ့်ကို ကူစစ်ပေးပါအုံး"
"ကျွန်တော် စာမဖတ်တတ်ဘူး အရှင်"
အားငယ်စွာ ပြောလာတဲ့ ကောင်လေးကြောင့်
လန်ကျန့် သူ့ကိုယ်သူသာ အပြစ်တင်လိုက်မိတော့တယ်"ကိုယ်...မရည်ရွယ်ပါဘူး"
နေပါဦး! ဝေ့ရင်းက အစောကြီးထဲကစာမဖတ်တတတ်တာပဲ....ဒါဆို.....သူ ပေးခဲ့တဲ့စာက...??
ထိုအကြောင်းကို လန်ကျန့် သိချင်မိသောကြောင့်"ဝေ့ရင်း ဒါဆို ကိုယ်ပေးဖူးတဲ့စာကရော..."
ကြာပြီဖြစ်တဲ့ ကိစ္စမို့ စဥ်းစားနေသည့်ဟန် ပြီးမှ
သတိရသွားပြီး"အဲ့တာ သခင်မလေးကျန်းရိကိုဖတ်ခိုင်းတာ"
ဒီတော့မှပဲ လန်ကျန့် အကုန်နားလည်တော့တယ်။
ကျန်းရိက အစထဲက သိသိရင်းနဲ့ သူ့ကိုလာတွေ့ခဲ့တာပဲ။ သူသာ စာမပေးခဲ့ရင် အခုလို ကျန်းရိနဲ့လည်း လက်ထပ်ဖြစ်မှာ မဟုတ်ပေ"တောင်းပန်ပါတယ်"
ရုတ်တရပ်ကြီး တောင်းပန်လာလို့ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာတဲ့ အရှင်ရယ် ။ ဘာကြောင့်မှန်း မသိပေမယ့် ဝေ့ရင်းက လန်ကျန့်ရဲ့
ကျောပြင်လေးကို အသာပုတ်ပေးလာတယ်"ကျွန်တော် ဘာမှမဖြစ်ဘူးဆို ဘာလို့ အမြဲ
တောင်းပန်နေရတာလဲ"တစ်ခါတစ်လေဆို အရှင်က ကလေးလိုပဲ ။
သူ့ပေါ်အမြဲမှီလို့ ပင်ပန်းစရာတွေရှိတာအစ ဖြေသိမ့်တက်သည် ။ အခုလည်း အဲ့လိုပဲ"ကိုယ် စာသင်ပေးမယ် လာ စုတ်တံကိုင်လိုက်"
ဝေ့ရင်းတောင်ပြန်မဖြေရသေး ကိုယ်လေးကိုဆွဲရင်း လန်ကျန့် က သူ့အရှေ့ကို ပို့လိုက်သည်။
ယခုပုံစံက ဝေ့ရင်း က အရှင့်ရင်ခွင်ထဲ ရောက်နေလျက်