Ep-11

16.1K 1.4K 35
                                    

Unicode

ရုတ်တရပ် မိုးတွေခြိမ်းလာတာဆိုတာ မှောင်မဲ
ပြီး အခုလို ရွာနေတာကို သူငယ်ငယ်ထဲက
ကြောက်ခဲ့ရတဲ့အရာ

မိုးရွာတဲ့အချိန်တွေဆို ကျန်းချန် အနားကို
ရောက်လာပေးတတ်ပြီး အမြဲအဖော်ပြုပေးခဲ့တယ်။အခုတော့.....သူ့နားမှာ မည်သူမှရှိမနေခဲ့

"ဂျိမ်း!!"

မိုးခြိမ်းသံကြောင့် ထောင့်နေရာကို ပြေးကပ်သွားမိတယ် ။ သူ့ကိုယ်ကလည်း တုန်ယင်လို့နေတယ် မှောင်တာကလည်း သူ့ကိုပိုလို့ ကြောက်လန့်စေသည်

"ဝေ့ရင်း!!"

တံခါးကိုတွန်းဖွင့်ရင်း လန်ကျန့် ဝင်လာလျက်
အခန်းထဲ လှည့်ပတ်ရှာနေမိရင်း နောက်ဆုံးမှ
ထောင့်လေးက လူကို တွေ့သွားတော့တယ်

"မင်း.....လန်ကျန့်....! ဘယ်လိုလုပ်?"

ရုတ်တရပ် လူဝင်လာသံကြောင့် ဝေ့ရင်း မေ့ကြည့်မိတော့ မိုးရေတွေစိုရွဲလို့နေတဲ့ လန်ကျန့်ကို တွေ့
လိုက်ရတော့သည်

မြင်လိုက်တဲ့အခါမှာပဲ အံ့သြမှုတို့ကြောင့် သူ့
ပါးစပ်လေးတောင် ပွင့်ဟသွားလျက်

ဝေ့ရင်း က လက်ညိုးထိုးရင်း ပြောလာတော့မှ မိမိကိုယ်ကို သတိထားမိတော့တယ်။ သူ့မှာစိတ်က ပူထူနေတော့ ဒီအတိုင်းသာ အပြေးလာခဲ့မိတာ ။ အခုတော့ အိမ်ရှေ့စံဆိုတာ ဝေ့ရင်း သိသွားပြီပဲ

"မင်း....သခင်မလေးနဲ့ လက်ထပ်ရမယ့်သူက
မင်းပေါ့ ဒါဆို ဒါဆို အရှင်က??"

"ဝေ့ရင်း...."

"အနားကပ်မလာနဲ့"

သူ ခြေတစ်လှမ်းရှေ့တိုးတော့ နောက်ကိုဆုတ်သွားတဲ့ ဝေ့ရင်းရယ်

"တမင်ညာခဲ့တာမဟုတ်ပါဘူး"

လန်ကျန့် စကားကြောင့် သူပို၍ နောက်ကိုဆုတ်မိသည်။ အခုချိန်မှာ အားနာမိဆုံးက ကျန်းရိ
ကိုပင်

"ဂျိမ်း!!"

ကျယ်လောင်တဲ့ မိုးခြိမ်းသံကြောင့် သူ လန့်သွားကာ ထိုင်ချလိုက်မိတော့တယ် ။ ထိုအခါ ချက်ချင်းပင် အနားသို့ ရောက်လာတဲ့ လန်ကျန့်

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now