Ep(19)

12.2K 1.4K 48
                                    

Unicode

"ကိုယ်လုပ်တော် ဝေ့ ကို ဟန်မိဖုရား ခေါ်ခိုင်း
လိုက်ပါတယ်"

မိဖုရားအဆောင်မှ လူတွေရောက်လာလို့ သူ့ကို
အခေါ်တော်လာသည် ။ ဝေ့ရင်း တစ်ယောက်
အနည်းငယ်တော့ကြောက်မိတာ အမှန်ပဲ ။

ထို့နောက်မှာ ဟန် မိဖုရား အဆောင်သို့ရောက်လာတော့တယ်။ သူ ဝင်လာတော့ အထဲမှာ မိဖုရား တစ်ဦးထဲတာ ကျန်တဲ့သူများ ရှိမနေ ။

"ရှေ့ကိုတိုးထိုင်လေ"

သူ့ကို လှမ်းပြောတော့ ဝေ့ရင်း အူတူတူလေးနဲ့ ပြီးမှ တွန့်ဆုတ်ဆုတ်နဲ့ ရှေ့ကိုထပ်တိုးထိုင်လာတယ်

ရှေ့မှ ကောင်လေးကို ဟန်မိဖုရား အကဲခတ်ကြည့်မိ၏။ မျက်နှာလေးကလည်း အေးချမ်းလို့ ရိုးရိုးသားသား လေးဖြစ်ဟန် ဒီကလေးမှာ သေချာကြည့်ရင် ​မြင်သူချစ်မြတ်နိုးတဲ့ ရုပ်သွင်လေး ဒါကြောင့် အရှင်က ချစ်ခင်စုံမက်နေသည်ထင်

"အရှင် နဲ့ နေ့တိုင်းလိုလိုတွေ့ဖြစ်တယ်ဆို"

ပထမဆုံး မယ်မယ်ဘက်မှ စတင်မေးလိုက်တဲ့စကားပင် 

"ဟုတ်...တွေ့ဖြစ်ပါတယ်....ဟို....အရှင်က
ကျွန်တော့်ကို စာသင်ပေးနေလို့ပါ"

"အော်...."

"အရှင့်နားမှာ အမြဲနေပေးနိုင်မလား"

"ဗျာ"

"ငယ်ငယ်ထဲက အခုထိ လူတစ်​ယောက်ကိုအခုလို
စွဲလမ်းတာမျိုး မတွေ့ဖူးခဲ့ဘူး...မင်းက အရှင့် ရဲ့ပထမဆုံးလူပဲ"

ဟန်မိဖုရား ပြောတာကို သူ နားစိုက်ကာ နားထောင်နေမိတယ် ။ အရှင်နဲ့ပတ်သတ်ပြီး အခုလို သိရတော့ ရင်ထဲပိုလို့ ခံစားမိသည် ။

"အဲ့တာကြောင့် မင်းကို ယုံကြည်ပြီး အရှင့်နားမှာ
ရှိနေပေးဖို့ တောင်းဆိုတာပါ"

"......."

"လက်ခံပေးနိုင်မယ်မှတ်လား"

သူ ပျော်လို့ပဲလားမသိ မျက်ရည်တို့ဝဲတက်လာမိသည် ။ ယခုလိုမျိုး နားလည်ပေးနိုင်မှုမျိုးကို သူလိုလားခဲ့တာ ။

"လက်ခံပါတယ် မိဖုရား"

ဝမ်းသာလို့ ခေါင်းလေးညိမ့်ကာ သူဖြေရှာတယ်။
ဟန်မိဖုရား ရဲ့အပြုံးတွေကလည်း တောက်ပလို့
နေသည် 

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now