Ep(20)

12.6K 1.5K 37
                                    


Unicode

လက်ဖက်ရည်ကြမ်းကို အသာသောက်လို့ သူမ
ရှေ့မှ ဝေ့ရင်း ကို လှမ်းအကဲခတ်တယ်။ မျက်နှာချင်းဆိုင် အနေအထားမို့ သူမ မကျေနပ်သည့် အကြည့်တွေနဲ့ ကြည့်ကြည့်နေတက်သေးသည်။

"ကျန်းအိမ်တော်မှာထဲက အတူနေလာကြတာမှတ်လား"

ဟန်မိဖုရား က စတင်စကားဆိုတော့ ကျန်းရိ က
လက်က ခွက်ကို အသာချရင်း

"ဟုတ်ပါတယ် မယ်မယ်"

ဟန်မိဖုရားက အခုလိုအတူခေါ်တွေ့တာက အချင်းချင်း ပြေလည်စေချင်ကြသည်ထင်။ အဓိက ကတော့ ကျန်းရိ ကိုပေါ့ ။ သူမ အနေနဲ့
ဝေ့ရင်းကို အကောင်းမြင်ပေးစေချင်သည်လေ

"အခုလိုမျိုး တွေ့ရတော့ မကောင်းဘူးလား
နောက်နေ့တွေလည်း ကျန်းရိ မယ်မယ့်ဆီလာရင်
ဝေ့ရင်းလေးပါ ခေါ်ခဲ့ပေါ့"

စတင် စကားစလာတော့ သူမ ပြုံးသာပြုံးရင်း
ခေါင်းညိမ့်တယ်ဆိုရုံလေး၊ ဘယ်တုန်းကများဟန်မိဖုရား က ဝေ့ဝူရှန့်ဘက်ကို ပါသွားလဲမသိ ။
စကားပြောတဲ့ တစ်ချိန်လုံး ပြုံးလို့ရွှင်လို့

ဟန်မိဖုရား နဲ့ တစ်ချိန်လုံး စကားတွေတပြောပြောနဲ့ ပြုံးရွင်နေတဲ့ ဝေ့ဝူရှန့် ကို သူမ မုန်းတီးတဲ့အကြည့်များ နဲ့ ကြည့်လို့နေမိတယ်

ဒီလိုပုံစံနဲ့သာဆို နန်းတော်မှာ ဝေ့ရင်းဟာ အရေးပါတဲ့သူ တစ်ယောက် ဖြစ်ပြီး သူမ နေရာပျောက်သွားနိုင်သည်။

ဝေ့ဝူရှန့်....! နင့်ကို လွှတ်ပေးထားလို့မရတော့ဘူးပဲ

..............

မိဖုရားကြီးအဆောင်မှ ထွက်လာတော့ ကျန်းရိ
နောက်မှသာ အသာလိုက်သည်

အနောက်မှ ပါလာသော ဝေ့ရင်းကြောင့် သူမ
တစ်ချက်ပြုံးလိုက်ရင်း သွားနေတာကို ရပ်တန့်လျက် နောက်သို့ လှည့်ကာ

"နောက်နေ့တွေလည်း အတူလာကြတာပေါ့"

"ဗျာ"

ပြုံးလို့ ပြောလာတဲ့ ကျန်းရိကြောင့် သူ နာကြားများ လွဲသလား အောက်မေ့ရတယ် ။ ဒီစကားက
တကယ်ပဲ သခင်မလေးဆီက ထွက်လာတာလား

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now