Ep(15)

13.6K 1.4K 27
                                    

Unicode

သူ့ကိုဖက်ရင်း လှဲနေသည်မှာ အချိန်တစ်ခုလောက်ကြာနေပြီမို့ ဝေ့ရင်း ထချင်နေပြီ ။ ထို့ကြောင့် အရှင့်ရဲ့လက်တွေကို ဖယ်လိုက်ကာ ထဖို့ကြိုးစားတယ်

"အရှင် အဆောင်ကိုပြန်ပါတော့"

"......"

မျက်လုံးက မှိတ်မြဲတိုင်းသာ မှိတ်နေဆဲ ။
ရုန်းဖယ်ကာ ထလိုက်တော့မှပဲအရှင်ပါ ထထိုင်လာတော့တယ် 

"တံခါးဖွင့်စမ်း!!"

အပြင်၌ဆူဆူညံညံ အသံကြောင့် ဝေ့ရင်း လှမ်းကြည့်လိုက်ကာ အရှင် လည်း ထိုင်ရာကနေ ထလာလေရဲ့ ။ မကြာလိုက် တံခါးပွင့်သံနဲ့အတူ အထဲရောက်လာတဲ့ ဟန်မိဖုရား

"တကယ်ပဲ အရှင် ကဒီကိုရောက်နေတာကိုး"

ဟန်မိဖုရား က လေသံကိုဆွဲရင်း သူ့ကိုကြည့်လို့
ပြောလာတော့ ရှောင်ရင်း ခေါင်းသာငုံ့လိုက်မိတယ်။အခုချိန်မှာတော့ ဘာတတ်နိုင်တော့မှာလဲ

"မနေ့ညက မိဖုရားကျန်း ဆီကထွက်လာတာ
ဒီကောင်လေးဆီ လာဖို့ အတွက်လား"

"သားတော် ရှင်းပြပါ့မယ်"

လန်ကျန့်က သူ၏မိခင်နားသွားလို့ ရှင်းပြဖို့
ကြိုးစားသည်။ ဒါပေမယ့် မိဖုရားက ဝေ့ရင်း
အနားကိုသာ တဖြေးဖြေးတိုးကပ်သွားရင်း

"အရှင် နဲ့ ဘယ်လိုပတ်သတ်နေတာလဲ"

"......."

"ငါဒီအကြောင်း ရှင်းရှင်းလင်းလင်းသိမှ
ဖြစ်မယ်.....ဒီမှာ မင်း ကျန်းအိမ်တော်ရဲ့ ကျေးဇူးကို အခုလိုဆပ်လိုက်တာလား"

"မယ်တော်!"

"အရှင်က ဘာလို့ ဒီလောက်တောင် ကာကွယ်ပေး
နေရတာလဲ နန်းတော်ထဲမှာ ဘာသတင်းတွေပျံ့နေပြီဆိုတာရော သိရဲ့လား"

မိခင်တစ်ယောက်အနေနဲ့ သူမ စိတ်အခုလိုဖြစ်သင့်တာမှန်ပါတယ် တစ်ဖက်မှာကလည်း ချစ်ရတဲ့သူပဲ

ဝေ့ရင်း လက်ကို အသာဆွဲလိုက်တယ် ဟန်မိဖုရား
ရှေ့မှာပင် ပြီးနောက် အမေဖြစ်သူအား ကြည့်ကာဖြင့်

"ဝေ့ရင်းကို သားတော်ရဲ့ ကိုယ်လုပ်တော်
မြှောက်မယ်"

ပြတ်သားစွာ ထွက်လာတဲ့ လေသံကြောင့် အရှင့်ကို
သူ အလန့်တကြား မော့ကြည့်မိသည် ။
ဟန်မိဖုရား လည်း တော်တော်ထိတ်လန့်သွားပုံ

𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 𝐓𝐢𝐦𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮《 S1- Completed 》Where stories live. Discover now