Fresher Welcome နေ့...
"ပုကျိထတော့လေ ...ဒီနေ့ပွဲရှိတယ်ဆို"
"ဝါး....Jin Hyungကလဲ....အိပ်ရေးမဝသေးပါဘူးဆို.....မသွားတော့ရင်ကောင်းမလားလို့....."
" စာရင်းတွေအပ်ရမယ်ဆို..ရော့ ဒါလေးဝတ်သွား"
"ဟင် ဘာကြီးလဲ...wow အနွေးထည်အဝါရောင်လေး ဟီးးးး မိုက်တယ် ကျေးဇူးပါ hyung.."
လက်ဆောင်လဲ မြင်ရော ချက်ချင်းကို မျက်လုံးပွင့်လာတဲ့ သူ့ညီလေးကိုကြည့်ကာ Jin Hyungနှစ်ချိုက်စွာ ရယ်မိလိုက်သည်.... ဘယ်လိုတောင်ချစ်ဖို့ကောင်းပါလိမ့် ဒီအဆိုးလေးကိုပဲ ချစ်နေရတာ....
" ကြိုက်ရင်ပြီးရော မနက်စာပြင်ထားမယ် ပြင်ဆင်ပြီးဆင်းလာတော့....ပြန်အိပ်မနေနဲ့နော်"
" ဟုတ်ကဲ့ပါဗျ ....."
ရေမိုးချိုးပြီး Jin Hyung ပေးတဲ့အနွေးထည်အသစ်ကလေး ဝတ်ကာ ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်.... ဆံပင်ကိုသပ်တင်၍ မှန်ထဲကို တချက်ကြည့်ကာ ငါအတော်ချောပါလားဟု ကောက်ချက်ချမိလိုက်သည်...
" အမယ် လှသားပဲ ငါ့ညီချောတာ ငါနဲ့တူတာဖြစ်မယ်..."
အောက်ထပ်ရောက်တာနဲ့ ကြားလိုက်ရတဲ့ Jin Hyungရဲ့စကား...ဒီလောက်ဆို ကျွန်တော့ရဲ့ အိုဗာ ကွန်ဖီးဒန့်က ဘယ်သူ့ဆီက ဆင်းသက်လာတယ်ဆိုတာ မပြောလဲ သိကြပြီဟုတ်....
"ဟုတ်ပါပြီ... Hyungနဲ့တူတာပါ.....ဇတ်လမ်းကစလာပြီ...."
အိပ်ယာမနိုးခင်ကသာ ကျောင်းမသွားချင်တာ အခုလိုအနွေးထည်အသစ်ကလေးဝတ်ထားရတော့ ကျောင်းအမြန်ရောက်ချင်စိတ်ကတဖွားဖွား...အဲ့တာကြောင့် Jin Hyung လုပ်ပေးထားတဲ့ မနက်စာ ပေါင်မုန့်ကို အတင်းထိုးထည့်ကာသာ ကျောင်းသွားဖို့ သုတ်ခြေတင်လိုက်တော့သည်....
"သွားပြီနော် Hyung... "
"ဖြေးဖြေးစား ဖြေးဖြေးသွားလေ ....အော် ဒီကလေးနဲ့တော့..."
**************************************
ကျောင်းရှေ့ရောက်သောအခါ ခုနက ကမန်းကတန်းစားခဲ့ ပေါင်မုန့်က အစာမကြေဘူးထင်ပါရဲ့....လည်ချောင်းထဲပျို့တတ်လာကာ မအီမလည်ဖြစ်လာခဲ့သည်....