"အားလုံးထ ပြန်မယ်..."
"ဘာဖြစ်လို့လဲ ခုနကမှရောက်တာကို.."
"အဲ့တာဆိုလဲ မင်းတို့နေခဲ့ ငါပြန်ပြီ..."
"ဟျောင့် ဘာလုပ်နေတာလဲ လိုက်သွားလေ.."
"အော် ဟုတ် ဟုတ် "
JiMin ခုနက ကောင်မလေးကို ပထုတ်လိုက်တဲ့ ပုံစံထဲမြောတုန်း JiMin စိတ်ဆိုးပြီးထထွက်သွားတာမသိလိုက်....Tae ပြောမှအသိစိတ်ဝင်ကာ အသားကုန်ပြေးလိုက်ရတော့သည်....
"JiMin-ah JiMin-ah...ခဏနေပါဦး "
ပြေးနေတဲ့ JiMin လက်ကိုလှမ်းဆွဲကာ တင်းကြပ်စွာဖက်ထားလိုက်ပြီး
"ကိုယ် မှားပါတယ် ကိုယ် တောင်းပန်ပါတယ်ကွာ ရုတ်တရတ်ကြီးဆိုတော့ ကိုယ်လဲကြောင်သွားလို့ပါ..."
" မလိုဘူး...မင်းလို မိန်းကလေးအနားရောက်တာနဲ့ သာယာတတ်တဲ့ လူမျိုးကိုငါမလိုချင်ဘူး..."
"တောင်းပန်ပါတယ်ကွာ တကယ်ကိုရုတ်တရတ်မို့ပါ တောင်းပန်ပါတယ်နော် အထဲပြန်သွားရအောင် Tae Hyung လဲစောင့်နေတယ် ..လာပါ လိမ္မာပါတယ်.."
"ကို....ငါပြောမယ်သေချာနားထောင် ..ငါကအချစ်ကြီးတယ် ကိုယ်ပိုင်ဆိုင်ထားပြီးတဲ့အရာတစ်ခုဘယ်သူ့လက်ထဲမှမထည့်နိုင်ဘူး ..အကယ်၍ ငါမပိုင်ဆိုင်ရဘူးဆိုရင်တောင် တခြားသူလဲမပိုင်ဆိုင်စေရဘူး...ဒါပေမယ့် အဲ့လိုပြောလို့ မင်း ငါ့နားကထွက်သွားမယ်ဆိုရင်တောင် ငါမင်းကိုမလုပ်ဘူး ငါ့ကိုငါလုပ်မှာ မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထားပါ..."
"အင်းပါ Mochiလေးရယ် ကိုယ်ကတိပေးပါတယ် နောက်လဲမဖြစ်စေရပါဘူး ...နော် ကိုယ်တောင်းပန်ပါတယ်..."
"အင်း ကိုယ့်ကိုအရမ်းချစ်တာ ကိုယ်သိလား"
"သိတာပေါ့ သိတာပေါ့...ကြည့်ပါဦး အခုကြတော့လဲချွဲနေလိုက်တာ ခုနကသူမဟုတ်တဲ့အတိုင်းပဲ....တကယ့်ကလေးလေး...ချစ်တယ်ကွာ..."
"တော်ပါတော့ ဖက်ထားတာကြီးလဲလွှတ်ပေးတော့ အသက်ရှုပါကြပ်နေပြီ...သွားမယ်လာ.."
"ထင်သားပဲ ပြန်လာကြမယ်လို့ အဆင်ပြေသွားကြပြီလား"
"အေး "