JiMin အိမ်ရှေ့ရောက်တော့..
"ငါသွားတော့မယ်....ကောင်းကောင်းပြန်.."
JungKookလဲ ကားမောင်းတဲ့နေရာကိုပြောင်းထိုင်ဖို့ဆင်းလာလိုက်ပြီး..
"Hyung ဒီနေ့ ကျောင်းသွားဦးမှာလား..."
"အင်း သွားရမယ် ခဏနေ..စာတမ်းထပ်စရာရှိလို့ .."
" စာတမ်းထပ်ရုံပဲမှတ်လား ကျွန်တော်လိုက်ပို့မယ် ပြီးရင်ကျွန်တော်နဲ့တနေရာလိုက်ခဲ့..."
"အင်း.."
JiMin လဲ အိမ်ထဲဝင်ကာ ခဏနားရေချိုးပြီး ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်
ဒီနေ့မှ ဝတ်စရာဒီလောက်ရှားလား ဘာဝတ်ရမလဲ......အဝတ်ပုံထဲခေါင်းစိုက်ကာ ရှာနေတဲ့သူကတော့ JiMinတယောက်ပင်...
"ပုကျိ...မင်းရည်းစားရနေပြီလား.."
အသံကြားရာလှည့်ကြည့်လိုက်တော့ အခန်းဝကနေပြုံးပြုံးကြီး လက်ပိုက်ကြည့်နေတဲ့ Jin Hyung...
"မ မဟုတ်ပါဘူး..hyung ကလဲ"
" ဒါဆို ဘာလို့ အဲ့လောက်တောင်ပဲများနေတာလဲ"
"ဒီနေ့ ဟိုဟာ ဟို စာတမ်းထပ်စရာရှိလို့ပါ..."
ပြောနေတာကို မယုံသင်္ကာပုံစံလုပ်ကာ ခေါင်းတညိတ်ညိတ်ဖြင့်ထွက်သွားတဲ့ Jin Hyungကိုကြည့်ပြီး ရုပ်ကိုတစ်ချက်ရှုံ့မဲ့လိုက်သည်...ပြီးမှအကြံရကာ...
"Hyung ....ကျွန်တော်ပြောစရာရှိလို့...."
"ကယ် ပြော ...လာဒီမှာ လာထိုင်..."
" Hyung ကျွန်တော့မှာ ချစ်ရမယ့်သူရှိနေပြီ ဒါပေမယ့်....."
"ဒါပေမယ့် ဘာဖြစ်လဲ...."
JiMinလဲ ငယ်ငယ်လေးထဲက တခါမှမလိမ်ဖူးသူပီပီ အမှန်တိုင်းပြောဖို့ကြတော့လဲ ကြောက်ရွံ့နေခဲ့သည်...ဒါပေမယ့်လဲ တိုင်ပင်စရာဆိုလို့ Hyungတို့ပဲရှိတာ မဟုတ်ပါပေလား... သူငယ်ချင်းလို ဖခင်လို အမြဲဂရုတစိုက်ရှိနေပေးတဲ့ Hyungကိုတော့ မလိမ်ချင်ပါ..ထို့ကြောင့်လဲ သူနဲ့ JungKookရဲ့ ဖြစ်ကြောင်းကုန်စင်ကို မျက်စိစုံမှိတ်ကာပြောလိုက်မိသည်....
ထင်ထားတာကတော့ ချစ်ရတဲ့သူက မိန်းကလေးမဟုတ်ပဲ ယောကျားလေးတယောက်ဖြစ်နေတဲ့အတွက် အဆူခံရတော့မည်ပေါ့...သို့ပေမယ့်
![](https://img.wattpad.com/cover/220352095-288-k749868.jpg)