Student Life Crush (Ep 6)

5.8K 716 20
                                    

JiMin နဲ့ JungKook ညဘက်လမ်းလျှောက်ထွက်လာကြတော့ လမ်းမှာ ခုန်စွခုန်စွနဲ့ ရေခဲမုန့်ဝယ်ပြီးပြန်လာတဲ့ Tae ကို JungKook တွေ့လိုက်ရသည်...ဒုက္ခပဲ JiMin Hyung နဲ့ ၂ယောက်ထဲလမ်းလျှောက်ချင်တာ TaeHyung Hyungတွေ့သွားရင် လိုက်လာမှဖြင့်....

"Hyung ခဏလာဦး "

ဆိုပြီး JiMin လက်ကို ဆွဲကာ အနီးနားကသစ်ပင်ကြီးနောက်မှာကွယ်ရပ်လိုက်ရသည်....

"ဘာလုပ်တာလဲ ဘာဖြစ်လို့လဲ"

"အမ် ...ဟို ဟိုဟာလေ ဘာမှမဖြစ်ပါဘူး"

"ဘာမှမဖြစ်ရင်သွားမယ်လေ လာ..."

"Hyung  ခဏ...ခဏလေးပါ ခဏလေးဒီအတိုင်းလေးနေပေးပါ "

ရုတ်တရတ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့ Hyung ရဲ့ ခန္ဓာကိုယ်လေးကို အနောက်ကနေသိုင်းဖက်ထားလိုက်မိသည်.... ကျစ် JungKookရေ ဘာတွေလျှောက်လုပ်နေတာလဲ... ဟိုကမေးရင် ဘယ်လိုဖြေရတော့မလဲ....စဥ်းစားစမ်း....

"မင်းမှာ ဘာကိစ္စရှိလို့လဲ စိတ်ညစ်စရာရှိလို့လား"

"ဟို ဟိုဟာလေ ဟုတ်တယ် Hyung...ဟိုနေ့က Yoongi hyung နဲ့ hoseok hyung ရန်ဖြစ်ပြီးထဲက အိမ်မှာ အခြေအနေသိပ်မကောင်းလို့ အိမ်ပြန်လို့မရသေးလို့ပါ...သူတို့အိပ်မှ အိမ်ပြန်တာ ကျွန်တော့်အတွက် အဆင်ပြေမယ်ထင်လို့..."

"အော် အဲ့လိုလား ..အေးပါ ဒါဆိုလဲ မင်းအိမ်ပြန်လို့ရတဲ့အထိဒီနားမှာလမ်းပတ်လျှောက်ပေးမယ်လေ"

"ဟုတ် ကျေးဇူးပါ Hyung..."

အမောင်JungKook တို့ ရင်ထဲမှာ ပန်းတွေပွင့်ပြီလေ...လမ်းလျှောက်ရင်း ပန်းခြံတခုရောက်တော့ ခုံတန်းလျားတစ်ခုမှ ဝင်ထိုင်လိုက်ကြပြီး

"Hyung ပြန်ချင်ပြန်တော့လေ ကျွန်တော် တယောက်ထဲလဲအဆင်ပြေပါတယ်.."

"ရပါတယ် ငါလဲလုပ်စရာမှမရှိတာ အဆင်ပြေပါတယ်...ssssss"

ညဘက်အေးတဲ့ အရှိန်နဲ့မို့ ခုနက JiMin လက်ဖန်ကွဲစရှထားတာလေးက တစစ်စစ်နာလာခဲ့သည်..

"Hyung ကြည့်ရတာ အဆင်မပြေဘူးထင်တယ် လာပါ ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ်"

"ရပါတယ် လက်လေးပဲနည်းနည်းကိုက်တာပါ အေးလို့ဖြစ်မယ်..."

JungKook လဲ JiMin လက်လေး၂ဖက်ကိုယူလိုက်ကာ အာငွေ့လေးပေးလိုက်မိသည်...ထို့နောက် အနွေးဓာတ်လေးရအောင် သူ့လက်၂ဖက်နဲ့သေချာလေးဆုပ်ကိုင်ထားလိုက်သည်.... နူးညံ့လွန်းတဲ့ လက်ဖဝါးသေးသေးလေးဟာ မြတ်နိုးဖွယ်အတိပင်...

Student Life CrushWhere stories live. Discover now