Student life Crush ( Ep 4)

6.4K 782 6
                                    

ကြိုဆိုပွဲကနေ အိမ်ကိုပြန်တဲ့တလျှောက်လဲ JungKook သူ့သူငယ်ချင်းကိုရိုက်ခိုင်းထားတဒ့ videoလေးကို ထပ်ခါထပ်ခါပြန်ကြည့်နေမိသည်.... crush မို့ အမွှန်းတင်တာတော့မဟုတ်ပေမယ့် JiMin Hyung က ဂစ်တာတီးတာတော်တော် တော်သည်...အစထဲက ဂစ်တာတီးတာဝါသနာပါလို့လားမသိ ပိုလို့တောင်သဘောကျနေမိသည်....

တီ တီ ✉️

📩ငါဒီနေ့ လာသင်မယ် အဆင်သင့်ပြင်ထားပေးပါ

✉️ဟုတ်ကဲ့ အိမ်မှာပဲစောင့်နေပါမယ်ဗျ

***************************************

တင်းတောင်.....

NJ "ဘယ်သူလဲ ဘာလာလုပ်တာလဲ"

"ဒါ Jeon JungKook တို့အိမ်လား သူ့ဆရာပါ .... Yoongiလို့ခေါ်ပါတယ်...."

NamJoon တံခါးဖွင့်ပေးပြီး YoonGi အိမ်ထဲရောက်သောအခါ

"ခင်ဗျားက ကျောင်းကဆရာလား Guide သင်ဖို့အတွက်လား လက်ထဲက Guitar ကကောဘာလုပ်ဖို့လဲ"

"ဂစ်တာတီးလာသင်တာပါ ဒါနဲ့ပထမဆုံးတွေ့ဖူးတဲ့သူကို အခုလိုပြောနေတာရိုင်းတယ်မထင်ဘူးလား...."

ထိုသို့ အခြေအတင်ဖြစ်နေချိန် JungKook ဝင်လာခဲ့သည်....

"ဒါ ကျွန်တော် ဂစ်တာသင်ဖို့ခေါ်ထားတဲ့ဆရာပါ နောက်တစ်ခါ အဲ့လိုမေးလားမြန်းလားမလုပ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး...ဆရာ လာပါ ကျွန်တော့အခန်းထဲကိုကြွပါ.."

Jungkook ခေါ်လို့သာ အခန်းထဲလိုက်လာရတယ် Yoongi စိတ်ထဲသိပ်တော့မကျေနပ်မိ...လူကိုစစ်လားဆေးလားနဲ့ ပြီးတော့ လေသံကလဲမာချက် မသိရင် သူ့လုပ်စာထိုင်စားနေရသလိုလို...ဒီကောင်လေးအိမ်က ဆက်ဆံရေးမကောင်းဘူးဟု မှတ်ချက်ချလိုက်မိသည်...

"မင်းတို့အိမ်က ဘယ်လိုဖြစ်တာလဲ ကြိုမပြောပြထားဘူးလား "

"ဟုတ် ကျွန်တော်တို့ ညီအကို ၃ယောက်က အဲ့လိုပဲခင်ဗျ တယောက်နဲ့တယောက်နွေးနွေးထွေးထွေးမရှိဘူး...ကိုယ့်ဘာသာသီးသန့်နေကြတာများတယ်..၃ယောက် တူတူထမင်းစားဖူးတာတောင်မရှိဘူးဗျ..ခုနကကိစ္စကိုကျွန်တော် တောင်းပန်ပါတယ်...."

"ရပါတယ်..ဒါနဲ့ ၃ယောက်ဆိုတော့ နောက်တယောက်ကကော"

"သူကအိမ်မှာမနေတာများတယ်ဗျ သူ့ Beer Bar မှာအိပ်တာများတယ်....."

Student Life CrushWhere stories live. Discover now