Student Life Crush (Ep 7)

5.6K 680 33
                                    

နောက်နေ့ မနက် JiMin ကျောင်းသွားဖို့ Tae ကိုဝင်ခေါ်ရသည်...

"ဟျောင့် အဆင်သင့်ဖြစ်ပြီလား ကျောင်းသွားမယ်.."

"အေး လာပြီ လာပြီ"

လမ်းရောက်တော့ ..

"JiMin ငါကျောင်းထဲဒီနေ့ဝင်ဖြစ်မှာမဟုတ်ဘူး စာတမ်းလေ့လာဖို့ အပြင်သွားရမယ်"

"ဟုတ်လား တယ်မိုက်ပါလား ငါတို့တောင်ဘယ်ကနေဘယ်လိုစလုပ်ရမှန်းကို မသိပါဘူး"

ကျောင်းရှေ့ရောက်တော့

"ငါသွားတော့မယ်နော် "

"တာ့တာ "

Tae ကိုလှည့်​နှုတ်ဆက်နေတဲ့အချိန်မှာ JungKook အရှေ့ကနေဖြတ်သွားတာ မြင်လိုက်ရသည်...

"JungKook-ah ....JungKook-ah "

ကောက်တေးJungKookက လှည့်တောင်မကြည့်...

" JungKook-ah ....ငါခေါ်နေတာမင်းမကြားဘူးလား"

"uhh JiMin Sunbae nim မင်္ဂလာပါ..."

ခါးကိုင်းနှုတ်ဆက်ပြီး လမ်းဆက်လျှောက်သွားတဲ့ JungKook ကိုကြည့်ရင်း ဒါJungKook မှဟုတ်ရဲ့လားလို့တွေးမိလိုက်သည် .... မခေါ်စဖူး sunbaeတွေပါတွေလဲခေါ်လို့...ပြီးတော့ ပြောပုံဆိုပုံအရဆို ဒီကောင်လေး ညကမေးလိုက်တဲ့ဟာကို စိတ်ဆိုးမပြေသေးပုံရသည်...

အခန်းတခန်းထဲမှာ အတန်းခေါင်းဆောင်ရယ် JiMin ရယ် JungKook ရယ် စာတမ်းအတွက် ဆွေးနွေးဖို့အတွက် စုဝေးလိုက်ကြသည်......အဲ့အချိန်ကောင်မလေး၂ယောက်ဝင်လာကာ

"JungKook-ah ..."

"ဘာလဲ..."

" ခဏလောက်ပါ"

JungKook လဲ ကိုယ်မသိတဲ့ကောင်မလေး၂ယောက်မို့ မျက်ခုံးနှစ်ခုတွန့်ချိုးမိသည်အထိ...နဂိုထဲက စိတ်ရှုပ်နေပါတယ်ဆို သူတို့ကတမျိုး...အာရုံပဲ....မသွားရင်လဲ ပြန်မယ့်ပုံမပေါ်တာကြောင့် ခပ်မြန်မြန်ပင် ဘောင်းဘီအိပ်ကပ်၂ဖက်ထဲ လက်ထည့်ကာ ထိုကောင်မလေး၂ယောက်နားလျှောက်သွားလိုက်သည်...

"ဘာပြောမို့လဲမြန်မြန်ပြော.."

"ရော့ ဒါနင့်အတွက်အအေး...အဲ့ထဲမှာငါစေတနာထက်ပိုတာတွေပါပါတယ်.."

Student Life CrushWhere stories live. Discover now