Student Life Crush (Ep 16)

10.3K 635 35
                                    

တနေ့တနေ့ clubသွားအရက်သောက် တွေ့သမျှလူနဲ့ ထိုးကြိတ်ရန်ဖြစ်လာ တရက်မှ ဒဏ်ရာမရတဲ့နေ့ဆိုတာမရှိဖြစ်နေတဲ့ ညီကိုကြည့်ပြီး Hoseok လဲစိတ်မချမ်းမသာဖြစ်လာခဲ့သည်...

အားးးးးးးးးး ခွမ်း........

"ဘာသံလဲ"

" Jung JungKook ...."

အပေါ်ထပ်ကိုပြေးတတ်သွားလိုက်တော့ JungKook ကိုအခန်းထဲမှာမတွေ့ ရေချိုးခန်းထဲကိုသွားကြည့်တော့မှ ရေချိုးခန်းထဲကမှန်တွေလဲကွဲ သွေးအိုင်ထဲမှာလဲနေတဲ့ JungKook ..

" JungKook-ah JungKook-ah.."

Hoseok လဲ JungKook ကိုကုန်ပိုးပြီး ကားပေါ်တင်ကာ ဆေးရုံကိုထွက်လာခဲ့ရသည်..ဆေးရုံရောက်တော့ JungKook ဆေးကုသမှုခံယူနေတဲ့အချိန် HoSeok က

"Hyung .....hyung စောင့်နေလိုက်ပါ ကျွန်တော် သွားစရာရှိလို့.."

"ဘယ်လဲ?"

" Yoongi ဆီ..."

ညီဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီး မခံစားနိုင်တော့တာကြောင့် သူ့မာနကိုခဝါချဖို့ HoSeok ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်....အရင်ကဘယ်လောက်ပဲ အနေမနီးခဲ့ပါစေ သွေးသားရင်းချာမဟုတ်ပါပေလား .... ၂ယောက်မရှိတဲ့ ညီလေးဖြစ်တဲ့အတွက် သူလဲ ထုတ်သာမပြပေမယ့် ဘယ်လောက်ချစ်တယ်ဆိုတာ သူအသိဆုံးပင်ဖြစ်သည်...

"Jin hyung ...Yoongi ရှိလားဗျ"

"မရှိဘူးသူ...Studio မှာထင်တယ်.."

" ဟုတ် hyung ကျေးဇူးတင်ပါတယ် ကျွန်တော်သွားလိုက်ဦးမယ်....ဒါနဲ့ လေ hyung..JungKook ဆေးရုံတင်ထားရတယ်..."

"ဟင် ဘာဖြစ်လို့လဲ"

Jin မေးတာကိုတောင်နားမထောင် Yoongi Studio ရှိရာသို့လှည့်ထွက်လာခဲ့တဲ့ Hoseok..

"Yoongi-ah...."

"မင်းဘာလာလုပ်တာလဲ...ထွက်သွားပါ..မင်းတို့မိသားစုနဲ့ငါမပက်သတ်ချင်ဘူး.."

"ငါတောင်းပန်ပါတယ်..."

HoSeok လိုလူဆီကတောင်းပန်စကားကြားရတယ်တဲ့လား သူနားကြားမှားတာတော့ မဟငတ်ပါဘူးနော်...

"မင်း မင်းကဘာလို့.."

" ငါ JungKook အခုလိုဖြစ်နေတာငါမကြည့်ရက်တော့ဘူး .."

You've reached the end of published parts.

⏰ Last updated: Jun 11, 2021 ⏰

Add this story to your Library to get notified about new parts!

Student Life CrushWhere stories live. Discover now