နောက်တစ်နေ့မနက် ကျောင်းရောက်တော့ ကျောင်းသားအားလုံးက ဟောခန်းမှာစုဝေးကြရသည်...ထိုအချိန် ကျောင်းအုပ်ကြီးမှ မိန့်ခွန်းပြောကြားလို့အပြီးတွင်...
"ပျော်ပွဲရွှင်ပွဲတွေလဲ ပြီးပြီဆိုတော့ မေဂျာ ခွဲကြမယ် အဖွဲ့ခွဲရမယ် ကိုယ်ကြိုက်နှစ်သက်တဲ့ မေဂျာရွေးယူလို့ရတယ်..ပြီးတော့ ပညာရေးဝန်ကြီးဌာနကဦးစီးပြီးလုပ်တဲ့ seminorအတွက် ပထမနှစ်နဲ့ ဒုတိယနှစ် ပေါင်းပြီး ၅ယောက်တဖွဲ့စီ တတိယနှစ်နဲ့ စတုတ္ထနှစ်ပေါင်းပြီး ၅ယောက်တစ်ဖွဲ့စီ စာတမ်းပြုစုရမယ်...အဲ့ကမှ အကောင်းဆုံး အတန်းကြီးဆုနဲ့ အတန်းငယ်ဆု ခွဲပြီး ဆုပေးမှာဖြစ်တယ် ....အခု ၂ခန်းစီပေါင်းဖို့ ခုံတွေစီနေပြီဖြစ်တဲ့အတွက် ဒီဟောခန်းမှာ ခဏစောင့်ပေးကြပါ...."
ခုံစီပြီးခဏအကြာတွင် ပထမနှစ်နဲ့ ဒုတိယနှစ်များအတွက် သတ်မှတ်ထားတဲ့အခန်းထဲသို့ JiMinနဲ့ Taeသူငယ်ချင်း ၂ယောက်ဝင်လာခဲ့ကြသည်... ၅ယောက်တဖွဲ့ကိုမှ ပထမနှစ်တွေနဲ့ဆိုတော့ ဘယ်သူနဲ့ဖွဲ့ရမယ်မှန်းမသိ.... မတတ်နိုင်ဘူး ကြုံရာကြရာလူနဲ့ ဖွဲ့ရတော့မှာပဲ...
"Tae Oppa ညီမတို့နဲ့ အဖွဲ့ ဖွဲ့ပေးနိုင်မလား "
"sorry ပါ ကျွန်တော် သူငယ်ချင်းတွေနဲ့အတူဖွဲ့မှာပါ ခင်ဗျ"
Tae တယောက်အဖွဲ့လာဖွဲ့ဖို့ပြောတဲ့ကောင်မလေးတွေကို ငြင်းလွှတ်လိုက်သည်.... အဲ့တာကို နှစ်ယောင်မရှိသော တဦးတည်းသော ချစ်သူငယ်ချင်း Park JiMinမှ...
"သွားလိုက်ပါ ဒီလောက်ခေါ်နေတာကို ..... အားနာစရာကြီး..."
ဒီကောင်အချွန်နဲ့မပြီ....တမင်လုပ်မှန်းသိသာနေတာက ရုပ်ကိုက ပြည်တည်တည်နဲ့.... ဟိုကောင်မလေးတွေအနား အတင်းတွန်းပို့နေသေးသည်...မျက်နှာရိပ် မျက်နှာကဲပြလဲ မသိချင်ျယာင်ဆောင်ပြီး တွန်းလွှတ်နေတာ ဒီကောင်ဘာကောင်လဲ...
နောက်ဆုံးတွင်တော့ ကောင်မလေးတွေ အတင်းဆွဲခေါ်တဲ့နောက်ကို Taeပါသွားခဲ့ပြီး မိန်းကလေး၄ယောက်နဲ့ သူတစ်ယောက်ထဲ ၅ယောက်အဖွဲ့ဖွဲ့လိုက်ရသည်.... JiMin ကတော့ သူဆေးထိုးတာအောင်မြင်လို့ ကြိတ်ပြုံးလျှက်....သူ့အန္တရာယ်ကိုသူမမြင်ခဲ့ချေ....