Yoongi တစ်ယောက်သူမြင်လိုက်ရတဲ့ မြင်ကွင်းအပေါ်မယုံနိုင်ဖြစ်နေသော်လည်း ဟိုနှစ်ယောက် ပြာယာခက်နေပုံကိုကြည့်ပြီး...
" ငါ ငါဘာမှမမြင်လိုက်ဘူး ..မင်းတို့ လုပ်နေတာဆက်လုပ်ကြ အဲ ပြောနေတာဆက်ပြောကြ..."
"ဟို ဟို ပြောပြီးပါပြီဗျ ကျွန်တော်ပြန်လိုက်ပါဦးမယ်...."
"Jeon JungKook မင်းဘယ်ကိုထွက်ပြေးတာလဲ.."
"ဗျာ..မ မဟုတ်ပါဘူး.."
"မင်း ဂစ်တာလာသင်တာမဟုတ်ဘူးလား ငါ့နောက်လိုက်ခဲ့.... "
Yoongi က အမိန်းပေးကာ အပေါ်ပြန်တတ်သွားတာကြောင့် JungKook တယာက် တံတွေးမြိုချမိလိုက်သည်...
" ဟုတ် ဟုတ်ကဲ့...လာပါပြီ Hyung..."
"JungKook-ah မင်းမသွားနဲ့ ငါသွားလိုက်ပါ့မယ်"
"ရပါတယ် Hyungရယ် ...ဘာမှမဖြစ်လောက်ပါဘူး ကျွန်တော်ကြိုတွက်ပြီးသားပါ စောစောသိသွားတော့ကောင်းတာပေါ့..စိတ်မပူနဲ့နော်....."
"ငါအခန်းရှေ့မှာရှိနေမယ် တစ်ခုခုဖြစ်ရင်ခေါ်လိုက်နော်..."
သူ့ကိုစိတ်ပူနေတဲ့ Hyung အသေးလေးကြောင့် မြတ်နိုးရပြန်သည်....
" အင်းပါ စိတ်ချ.."
JiMinရဲ့ ခေါင်းကိုအသာလေးပုတ်ပြီး Yoongi အခန်းရှိတဲ့ အပေါ်ထပ်ကို လိုက်တတ်သွားလိုက်သည်...အခန်းရှေ့ရောက်တော့ အနည်းငယ်တွန့်နေတဲ့ အကျီကိုဆွဲ သက်ပြင်းရှည်တစ်ချက်ချကာ..
ဒေါက် ဒေါက်
"Hyung ကျွန်တော်ဝင်လာမယ်နော်"
"ဝင်ခဲ့ "
Yoongi က သူရောက်တာနဲ့ ဂစ်တာလှမ်းပေးကာ ..သူသင်ပြရမယ့် ဂစ်တာနောက်တစ်လတ်ကို ကြိုးထိုင်ညိှနေတဲ့ပြီး အတော်အတန်ကြာတဲ့အထိဘာမှမပြောတော့ JungKook ပိုပြီးကြောက်မိတာတော့ အမှန်ပင်...
"Park JiMin ငါ့အခန်းရှေ့မှာ ရစ်သီ ရစ်သီလာလုပ်မနေနဲ့ မင်း လာခိုးနားထောင်နေတာငါသိတယ် အခုချက်ချင်းအောက်ပြန်ဆင်း....."
အကြားအမြင်ရနေသည်အလား အခန်းထဲကနေ လှမ်းအော်ပြောတဲ့ Yoongi Hyung ကြောင့် အခန်းရှေ့မှာ ခိုးနားထောင်နေတဲ့ JiMin ခန္ဓာကိုယ်လေးတုန်မတတ်လန့်ဖြန့်သွားရသည်....