Student Life Crush ( Ep 12)

5.3K 557 15
                                    

"Hyung Hyung...ထတော့ ကျွန်တော့ပြန်တော့မယ်..."

"ဟင် ဘာဖြစ်လို့လဲ.."

နာရီကိုကြည့်လိုက်တော့ မနက်အစော ၃နာရီပဲရှိသေးသည်....မိုးတောင်ကောင်းကောင်းမလင်းသေးပေ...

"မနက် Jin hyung တို့နိုးမှ Hyung အခန်းထဲက ထွက်လာရင်မကောင်းဘူးလေ အဲ့တာကြောင့်"

"မင်းကဒီလိုကြတော့လဲ လူကြီးဆန်သားပဲ"

"ကျွန်တော်က အမြဲလူကြီးဆန်ပါတဟ် Hyung ကသာ ကလေးလေး...ကျွန်တော့ ကလေးလေး..ကျွန်တော်သွားတော့မယ်နော်.."

"လိုက်ပို့ပေးမယ်...Jin Hyung ကားယူပြီး ...ခဏစောင့်...."

Jin Hyung ရဲ့အခန်းထဲ ခြေသံဖွပြီး ကားသော့ယူဖို့ JiMin သွားတော့ Jinမှာ night dutyဝင်ထားတော့ ဆင်အော်တာတောင်နိုးမယ့်ပုံမပေါ်...

"လာ လိုက်ပို့မယ်"

"နေဦး ဒီကိုလာဦး ဒီမှာ လာထိုင်.."

ပေါင်ကိုပုတ်ပြလိုက်တဲ့ ကောင်လေး ပြောတော့ပြန်မယ်ဆိုပြီး...JiMin လဲ ပေါင်ပေါ်အသာလေးထိုင် JungKook လည်ပင်းကိုသိုင်းဖတ်လိုက်ပြီး..

"ကယ် ပြော ဘာပြောမို့လဲ"

"ခဏလေးတောင် မခွဲချင်ဘူးဖြစ်နေလို့..."

"မင်းတော်တော်စကားတတ်တယ်နော်..မင်းရည်းစားမထားဖူးဘူးဆိုတာ ငါတော့ပိုတောင်မယုံသင်္ကာဖြစ်လာပြီ..."

"Hyung ကလဲ ဒါပဲပြောနေတာပဲ မဟုတ်ပါဘူးဆို.."

"လာ သွားမယ် မိုးလင်းရင် Jin hyung နိုးလာဦးမယ်.."

"နေပါဦး အချိန်ရပါသေးတယ် ကျွန်တော်ပြောစရာရှိလို့ ကျွန်တော် hyung လို့မခေါ်ချင်တော့ဘူး..အမှန်အတိုင်းဆို 2နှစ်ပဲငယ်တာလေ ...သိပ်ကွာတာမှမဟုတ်တာ.."

"အဲ့တော့ မင်းကငါ့ကိုဘယ်လိုခေါ်ချင်လို့လဲ"

"ဒီအတိုင်း JiMin-ah လို့ပဲခေါ်ချင်တယ်...မင်းကတော့ ကိုယ့်ကို ကို လို့ခေါ်ရမယ်.."

"မခေါ်ချင်ပါဘူး မင်းက ငါ့အကိုမှမဟုတ်တာ ငါ့ထက်အငယ်..."

"ဒါဆို ယောကျားလို့ခေါ်..."

"ဘာ...."

"စတာ စတာ ...ကို လို့ပဲခေါ်နော်.."

"စဥ်းစားပေးမယ်လေ...လာ သွားမယ် မိုးလင်းတော့မယ် .."

Student Life CrushWhere stories live. Discover now