ကျောင်းသွားရန် ပြင်ဆင်လိုက်ပြီး JiMin နဲ့ Tae ဆီမရောက်ခင် ကားပေါ်တွင်..... ညနေကြရင်အဆင်ပြေပါ့မလား ......NamJoon Hyung သာတစ်ခုခုပြောလိုက်ရင် JiMin လေးစိတ်ထိခိုက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်အပြည့်နဲ့......
"Tae ရေ သွားမယ် ..JungKookie ရောက်နေပြီ.."
"လာပြီ လာပြီ..."
ကားပေါ်ရောက်တော့ ဒရိုင်ဘာဦးလေးကြီးဘေးတွင် Tae ...JiMin နဲ့ JungKook ကတော့ အနောက်ခန်းမှာဝင်ထိုင်လိုက်ကြပြီး....JungKook က JiMin လက်ကလေးကိုင်ကာ ညနေအကြောင်းပြောရန်အစချီလိုက်သည်
"JiMin-ah .."
"hmm.."
"ညနေကြရင် NamJoon Hyung ကထမင်းစားဖိတ်လိုက်လို့ Hyung နဲ့စကားပြောချင်လို့တဲ့ အဲ့တာအဆင်ပြေနိုင်မလား..."
"အဆင်ပြေပါတယ် ငါကိုယ်တိုင်က လိုလိုလားလားဖြစ်စေချင်တာဆိုတော့ သွားရမှာပေါ့...ဒါပေမယ့် နည်းနည်းတော့ကြောက်တယ်"
"မကြောက်နဲ့နော် ကိုယ်ရှိတယ်.."
Tae - "ငါလဲရှိတယ် တခုခုဆို ငါ့ကိုဖုန်းဆက်.."
"အင်းပါ..ဟူး..."
ကိုင်ထားတဲ့ JungKook လက်ကလေးကို ဖိထားပြီးကိုင်မိသည်...တကယ်တော့ သူကြောက်တာပေါ့ အရမ်းကိုကြောက်တယ် ဒါပေမယ့် အဲ့လိုမျိုးဆိုတာထက် သူJungKook နဲ့ဝေးရမှာကိုတွေးလိုက်ရင် အဲ့တာက ပိုကြောက်ဖို့ကောင်းနေတယ်မှတ်လား....
ကျောင်းဆင်းတော့ ...
"JiMin-ah တခါထဲလိုက်မှာမှတ်လား..."
" အကျီဝင်လဲချင်သေးတယ် စောင့်ပေးပါလား.."
"ရတာပေါ့ အရမ်းစိတ်လှုပ်မရှားပါနဲ့ ဒီအတိုင်းနေရုံတင် ချစ်ဖို့ကောင်းနေလို့ NamJoon Hyung သဘောကျမှာပါ.."
"ဘာဝယ်သွားရမလဲ ပန်းဖြစ်ဖြစ် ဝိုင်ဖြစ်ဖြစ် သူဘာကြိုက်တတ်လဲ"
မသိဘူး ဟီး...."
JiMin အိမ်ပြန်ရောက်တော့ အဝတ်အစားလဲရင်းမှန်ရှေ့တွင် ရပ်ကာကိုယ့်ကိုကို အားပေးနေမိသည်.....
"ဟူး အဆင်ပြေသွားမှာပါ ငါလုပ်နိုင်မှာပါ ...ဟူး"
သက်ပြင်းတွေသာဆက်တိုက်ချနေမိတော့သည်