Student Life Crush (Ep 15)

4.6K 505 8
                                    

Jin လဲငိုနေရင်းမျက်ရည်တွေသုတ်ပစ်လိုက်ရင်း အားတင်းပြုံးကာ

" Joon-ah မတွေ့တာတောင်ကြာပြီနော်..."

" ဟုတ် Hyung......"

အခန်းထဲတွင် ၂ယောက်မျက်နှာချင်းဆိုင်သာထိုင်နေကြ အတော်အတန်ကြာတဲ့အထိဘာစကားမှမပြောဖြစ်ကြပေ....ထိုအချိန် Jin ထိုင်နေတဲ့ ခုံနဘေးဦးညွှတ်နေတဲ့ဒူးလေး၂ချောင်းနဲ့ သူ့ရဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ လက်ကလေးများကို အသာအယာလာကိုင်တဲ့ Joon....

"hyung အဲ့တုန်းက ကျွန်တော် တောင်းပန်ပါတယ်..."

အဲ့ဒီအသံ အဲ့ဒီအထိအတွေ့လေးကိုသူဘယ်လောက်တောင် မျှော်လင့်ခဲ့ရလဲ ဘယ်လောက်တောင်စောင့်စားခဲ့ရသလဲ ဒီအချိန်မှာတော့ သူဟန်မဆောင်နိုင်တော့ပါ....သူ့ကိုမော်ကြည့်နေတဲ့ Joon ရဲ့မျက်ရည်အဝိုင်းသားနဲ့မျက်လုံးလေးများကို သူမတွန်းလှန်နိုင်ခဲ့ပါ...Joon ကိုတင်းကြပ်စွာဖက်ထားလိုက်ရင်း

" hyung ကသာတောင်းပန်ရမှာပါ ...အန်တီ့စကားကိုနားမထောင်ခဲ့လိုက်သင့်ဘူး မင်းသွားရမယ့်အချိန်မှာ တားခဲ့လိုက်သင့်တာ..."

"ဒါပေမယ့် Hyung ရယ်...ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ...အခုပြန်ဖမ်းခွင့်ရတဲ့လက်တစ်စုံကို ကျွန်တော်နောက်ထပ်မလွှတ်မိအောင်ပဲကြိုးစားတော့မယ်.."

"Joon-ah ......."

"အရမ်းလွမ်းနေခဲ့တာ hyung ရယ်.."

"ငါရောပဲ...."

"သွားရအောင်လေ ကလေးတွေစောင့်နေကြပြီ..."

ဟိုဘက်အခန်းရောက်တော့....

NJ - "ဒါဆိုမင်းတို့ဘယ်လိုလုပ်ချင်လဲ.."

JK - "Hyung တို့ကကောဘယ်လိုလုပ်မှာလဲ...အကယ်၍ တမင်ကျွန်တော်တို့ကို အိမ်ကနေပထုတ်နေတာဆိုရင်တော့ ကျွန်တော် လက်မထပ်တော့ပါဘူး Hyung နဲ့ပဲအတူတူနေပါ့မယ်..."

NJ - "အာ မင်းဘာတွေလျှောက်ပြောနေတာလဲ"  (ရှက်ကိုးရှက်ကန်းဖြင့်) ....

Jin - "အေးလေ ဘာတွေလျှောက်ပြောနေတာလဲ"

NJ - "ငါတို့ကလိုပါသေးတယ် မင်းတို့ပြီးမှ"

"ဝိုး ...........အယ့်လယ် အယ့်လယ်...."

Jin လဲ NamJoon ကိုဗိုက်ခေါက်လိမ်ဆွဲပြီး..

Student Life CrushWhere stories live. Discover now