Chapter - 178

21.7K 1K 45
                                    

[Zawgyi]

<စတုတ္ထမြောက် task world>

နဉ်ရှု spaceထဲမှာ ထိုင်ချလိုက်ပြီး သူရဲ့ပတ်လည်က အရာတွေကို စုပ်ယူရင်းနဲ့ ကိုယ်ခံပညာတွေကို ပြန်စဉ်းစားနေလိုက်သည်။ သူမရဲ့ဝိဥာဉ်က နောက်ဆုံးကမ္ဘာနှစ်ခုမှာ ရှိနေတုန်းကထက် ဒီတစ်ကြိမ်မှာ ပိုပြီးပင်ပန်းနွမ်းနယ်နေသည်။

ဘုရားသခင်...ဒီငတုံးတွေနဲ့ ဆက်ဆံရတာက သူမရဲ့ဝိဥာဉ်ကို တကယ်ပဲပျက်စီးစေတယ်။ သူမရဲ့ ဝိဥာဉ်က အရမကို မှိန်ဖျော့နေတယ်။ ပြီးခဲ့တဲ့ကမ္ဘာက တိုက်ခိုက်ရေး ကမ္ဘာတွေထက် ပိုပင်ပန်းတယ်။

နဉ်ရှု မျက်လုံးမှတ်လိုက်ကာ စိတ်လျှော့လိုက်ပြီး စတင်ပုံဖော်လိုက်သည်။

အချိန်အနည်းငယ်ကြာသွားပြီးနောက်မှာ သူမ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူမရဲ့ဝိဥာဉ်က ပြန်သန်မာလာတာကိုတွေ့ရတဲ့အခါ ဝမ်းသာသွားပြီး လွှတ်ခနဲအော်လိုက်သည်။

"System...ငါ နောက်တာဝန်ထမ်းဆောင်တဲ့ကမ္ဘာကို ဝင်တော့မယ်။ နေဦး...။အဲ့ဒီ့ကမ္ဘာက ဘယ်လိုမ်ျိုးလဲဆိုတာ ငါမေးချင်သေး....?"

သူမ ပြောလို့မပြီးသေးခင်မှာပဲ ကမ္ဘာက စတင်ပြီး လည်သွားတော့သည်။

နဉ်ရှု ဒီကိုယ်နဲ့ နည်းနည်းနေသားကျသွားတဲ့အချိန်မှာပဲ သူမရဲ့ခြေထောက်တွေကို တစ်စုံတစ်ယောက် လာကန်တဲ့အတွက် မျက်လုံးဖွင့်ဖို့ ဖြစ်လာသည်။ ကန်ချက်က အရမ်းမနာပေမယ့် နာတော့နာနေသေးသည်။

နဉ်ရှု မျက်လုံးဖွင့်လိုက်သည်။ အလင်းနည်းနည်းစူးတဲ့အတွက် သူမ အလင်းကို လက်ဖြင့်ကာလိုက်သည်။

"မြန်မြန်ထစမ်း။ မင်း ဘယ်လောက်ကြာကြာအိပ်ဖို့ စိတ်ကူးနေတာလဲ?"

လူတစ်ယောက်က မေးလာသည်။

နဉ်ရှု လက်ကိုပြန်ချလိုက်သည်။ သူမရဲ့ရှေ့မှာရှိနေတဲ့လူက သာမန်ရုပ်ရည်ပဲဖြစ်သည်။ သူက အသက်သုံးလေးဆယ်လောက်ရှိပုံရပြီး အနည်းငယ်ညစ်ပတ်နေတဲ့ T-shirtကို ဝတ်ဆင်ထားသည်။ သူက လူအုပ်ထဲမှာ အလွဟ်တကူပျောက်သွားနိုင်တဲ့ ပုံစံမျိုးဖြစ်ပေမယ့် နဉ်ရှုရဲ့ခန္ဓာကိုယ်က စိတ်ဖိစီးလာသည်။ ဒီလူက အရမအန္တရာယ်များတယ်ဆိုတာ သူမအာရုံခံနိုင်တယ်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now