Chapter - 218

5.1K 861 19
                                    

[Zawgyi]

<အထင်သေးသောစကားများပြောခြင်း>

"ဒေစီ...ထတော့။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို လှုပ်နှိုးလိုက်သည်။ အခုဆို သူမအနေနဲ့ အရာဝတ္ထုတွေကို အရမ်းကိုရှင်းရှင်းလင်းလင်းမြင်နေရပြီဖြစ်တာကြောင့် သူမမျက်လုံးတွေဖွင့်လိုက်တဲ့အခါ သူမခေတ္တမျှအံ့အားသင့်သွားသည်။ အန်ကယ့်မျက်နှာက သူမရှေ့တည့်တည့်မှာပင်။

"မင်း ဘယ်လိုခံစားရလဲ?"

ကျောင်းဆရာဝန်အန်ကယ်က မေးသည်။

သူမ ခေါင်းငြိမ့်လိုက်ပြီး ဒီအချိန်မှာပဲ သူမရဲ့လှုပ်ရှားမှုတွေက လွယ်ကူနေတာကို သတိထားမိသွားသည်။

နဉ်ရှုရဲ့လှုပ်ရှားမှုတွေက အရင်ကလို စက်ရုပ်ဆန်ဆန်တောင့်တင်းမနေတော့ဘဲ ချောမွေ့နေတာကို ကျောင်းဆရာဝန်အန်ကယ်လည်း သတိထားမိသွားတာကြောင့် သူက သူမပါးစပ်ထဲကို နောက်ထပ်မျိုးရိုးဗီဇအဆီအနှစ်တစ်ပုလင်းလောင်းထည့်လိုက်သည်။

"စကားပြောကြည့်။"

ကျောင်းဆရာဝန်အန်ကယ်က စာအုပ်ထဲမှာ တစ်စုံတစ်ခုကို ချမှတ်ရင်း ပြောလိုက်သည်။

နဉ်ရှု ပါးစပ်ဟလိုက်ပြီးနောက် ခေါင်းရမ်းလိုက်သည်။ သူမ စကားမပြောနိုင်သေး။

zombieတစ်ကောင်အတွက် စကားပြောနိုင်ဖို့က မလွယ်ကူတာဖြစ်လိမ့်မည်။ ပြီးတော့ baseကိုတိုက်ခိုက်ခဲ့တဲ့ စွမ်းအားကြီးzombieတောင် ဘယ်လိုစကားပြောရမယ်ဆိုတာမသိဘဲ သားရဲတစ်ကောင်လို တစ်ချိန်လုံးဟိန်းဟောက်နေခဲ့တာဖြစ်၏။

ထို့နောက် ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုအဝတ်အစားတွေကို လျင်မြန်စွာချွတ်လိုက်သည်။

နဉ်ရှု : (☉。☉)

အန်ကယ်...ရှင် ဘာလုပ်နေတာလဲ!?

နဉ်ရှုတစ်ယောက် အံ့အားသင့်နေတဲ့အမူအရာလုပ်ချင်ပေမယ့်လည်း သူမရဲ့မျက်နှာကြွက်သားတွေက ပူးပေါင်းပါဝင်ခြင်းမပြုပေ။

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုလုံးဝဂရုမစိုက်ဘဲ ရေတစ်ပုံးသွားယူကာ သူမတစ်ကိုယ်လုံးကို သုတ်သင်သန့်စင်ပေးဆလ၏။ သူ့လှုပ်ရှားမှုတွေက စမ်းသပ်မှုတွေပြီးလို့ စမ်းသပ်ဖန်ပြွန်တွေကို ဆေးကြောနေတဲ့အချိန်ကလိုပင် ကွဲပြားမှုမရှိချေ။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now