Chapter - 214

4.9K 855 38
                                    

[Zawgyi]

<ဘဝကခက်ခဲနေပြီး မင်းက zombieတစ်ကောင်ဖြစ်လာတဲ့အခါ>

Wolfက Phoenixရဲ့အခြေအနေကိုမြင်တဲ့အခါ သူမကိုကူညီဖို့အတွက် အလျင်အမြန်လျှောက်လှမ်းလာသည်။ နဉ်ရှုက အားကုန်သုံးပြီး Phoenixရဲ့နှလုံးတည့်တည့်ကို တုတ်ချွန်နဲ့ထိုးစိုက်ချလိုက်ပေမယ့် Phoenixက ကိုယ်ကိုလူးလွန့်ကာရှောင်လိုက်တာကြောင့် သူမနှလုံးနဲ့လွဲသွားလေ၏။ အဲ့ဒီ့အစား သူမရဲ့ဗိုက်ကိုထိုးမိသွားပြီး သူမကိုနာကြင်စွာအော်ဟစ်သွားစေသည်။

Wolfက အနားကိုရောက်လာပြီး သူ့လက်ထဲက တဖျစ်ဖျစ်မြည်နေတဲ့မိုးကြိုးတွေက နဉ်ရှုခေါင်းကိုထိတော့မယ့်အချိန်မှာပဲ Wolfရဲ့လက်ကို ကျည်ဆံတစ်တောင့်က ထိုးဖောက်သွားသည်။

နဉ်ရှု တစ်စကကန့်မျှ အေးခဲသွားသည်။ ဒါပေမယ့် ဒီတစ်စက္ကန့်အတွင်းမှာပဲ လက်တစ်ဖက်က သူမရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာသည်။ သူမ ပြန်တိုက်ခိုက်ဖို့အတွက် တုတ်ကိုအလိုလိုမြှောက်လိုက်မိသည်။

"ကောင်မလေး..ငါပါ။"

ကျောင်းဆရာဝန်အန်ကယ်ရဲ့ လေသံက အရမ်းကိုညင်သာပြီး တိုးညင်းနေသည်။ အဲ့ဒီအခါမှသာ နဉ်ရှုစိတ်လျှော့လိုက်ပြီး သူ့ကိုကြည့်ဖို့ ခေါင်းမော့လိုက်သည်။

"မင်းက မျှော်လင့်စရာကိုမရှိတော့ဘူး။"

ကျောင်းဆရာဝန်အန်ကယ်က ဘေးပတ်ဝန်းကျင်က zombieတွေကို ဂရုစိုက်ခြင်းမရှိဘဲ နဉ်ရှုကို baseထဲဆွဲခေါ်သွားလေ၏။

သူတို့ အခန်းကိုပြန်ရောက်တဲ့အခါ နဉ်ရှုကျောက ရူးလောက်အောင်ပင်နာကျင်လာတော့သည်။ ဒါက သူမမှာ ဆားဖြူးခံထားရတဲ့ သွေးတွေပန်းထွက်နေတဲ့ဒဏ်ရာတစ်ခုရှိနေသလိုပင်။ အရမ်းကိုနာကျင်လွန်းတာကြောင့် သူမရဲ့ကိုယ်လေးက စတင်ပြီးတုန်ရီလာသည်။

သူမ တကယ်ပဲ ဒီတာဝန်ကို မပြီးမြောက်နိုင်တော့တာဖြစ်နိုင်လား?

"လှဲလိုက်။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုပြောလာသည်။ နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ကိုင်ထားတဲ့အပ်ကို ကြောင်အကာကြည့်လိုက်သည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Όπου ζουν οι ιστορίες. Ανακάλυψε τώρα