Apocalypse After Story(1)

4.5K 699 13
                                    

[Zawgyi]

ကပ်ကမ္ဘာရဲ့ကောင်းကင်မှာ မှုန်မှိုင်းလို့နေပြီး တစ်လောကလုံးက ဖုန်တွေသဲတွေနဲ့သာပြည့်နေသလိုထင်ရ၏။ ဗိုင်းရပ်(စ်)ပိုးနဲ့ အော်ဟစ်မာန်ဖီနေတဲ့zombieတွေရဲ့ခြိမ်းခြောက်မှုကြောင့် လေထုမှာ စိတ်ပျက်အားငယ်ခြင်းနှင့် လွမ်းဆွတ်မှုတို့ဖြင့်နေသည်။ လူသားများမှာ တိရစ္ဆာန်များ၏သဘာဝအတိုင်းဖြစ်လာပြီး အင်အားကြီးသူကိုသာလေးစားသည့် ကြီးနိုင်ငယ်ညှင်းဥပဒေအတိုင်းနေထိုင်လာကြသည်။

အသက်ရှင်ရန်အတွက် ရုန်းကန်နေကြရချိန်တွင် အင်အားကြီးသူက ပို၍အင်အားကြီးလာပြီး အင်အားနည်းသူကတော့ ဖယ်ရှားခြင်းခံရသည်။

baseမှာ အော်ဟစ်မာန်ဖီနေပြီး baseဆီကို ရူးသွပ်စွာပြေးလာနေတဲ့zombieတွေရဲ့ဝိုင်းထားခြင်းကိုခံနေရသည်။ baseအထက်မှာတော့ လူတွေနဲ့ လူတွေနဲ့တူတဲ့zombieတွေရှိနေကြသည်။

Phoenix ဒေစီ့ကိုအော်လိုက်သည်။
"ဒေစီ...နင် နည်းနည်းလေးတောင်မရှက်ဘူးလား? နင် ဘယ်လိုလုပ်ပြီး ငါတို့baseကိုပဲ နေ့တိုင်းလာတိုက်နေရတာလဲ!? နင် ဘာဖြစ်ချင်တာလဲ?"

ဒေစီ့အနားမှာတော့ ဝတ်စုံတစ်စုံဝတ်ထားတဲ့ရှောင်မင်ရပ်လျက်ရှိသည်။ ရှောင်မင်က Phoenixကို ဂရုစိုက်ခြင်းအလျင်းမရှိဘဲ ဒေစီ့ဘက်ကိုလှည့်ကာပြောလေ၏။

"ဒေ...ဘေးဖယ်နေ။ ဒီမိန်းမကို ငါဖြေရှင်းပေးမယ်။"

ဒေစီက Phoenixကိုကြည့်ကာ ခေါင်းယမ်းရင်းပြောသည်။

"ငါ့ဘာသာ ဖြေရှင်းမယ်။"

Phoenixက သူမကိုသတ်ရန်အတွက် zombieအုပ်ထဲတွန်းခဲ့သည်။ သူမ ရန်ကြွေးကိုဆပ်ရပေမည်။

ဒေစီမှတ်မိတာကတော့ သူမတို့အဖွဲ့မျိုးရိုးဗီဇအဆီအနှစ်ကိုရှာတွေ့တဲ့အခါ Phoenixက ရုတ်တရက် သူမကိုzombieအုပ်ထဲတွန်းလိုက်ခြင်းသာ။ အဲ့နောက်ပိုင်းဘာဖြစ်သွားမှန်းသူမ မသိပေမယ့် သူမက ဗီဇကွဲzombieတစ်ကောင်ဖြစ်လာပြီး ရှောင်မင်လို့ခေါ်တဲ့zombieတစ်ကောင်ကလည်း သူမနဲ့အတူရှိနေသေးသည်။

ဒီလိုအမှတ်တမဲ့ဖြစ်လွန်းလှတဲ့နာမည်ကို ဘယ်သူပေးတာလဲသူမ မသိပေမယ့် ရှောင်မင်ကတော့ ဒီနာမည်ကိုပေးခဲ့သူက သူမဟုဆိုသည်။ သူမက ဒီလိုနာမည်မျိုးကိုပေးစရာအကြောင်းမရှိဘူးဆိုတာ ဒေစီသိသည်။ သူမသာရှောင်မင်လို့ခေါ်တဲ့နာမည်ကိုပေးဖို့စဉ်းစားမိတယ်ဆိုရင် အဲ့အစားရှောင်သုန်ဆိုတဲ့နာမည်ကိုသာ ရွေးမိလိမ့်မည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now