Chapter - 187

5.5K 916 48
                                    

[Zawgyi]

<လျှို့ဝှက်ဌာနရဲ့ အထူးစွမ်းရည်ဆယ့်ရှစ်မျိုး>

အုပ်စုရဲ့ကားက ဆီကုန်နေပြီဖြစ်ပြီး ဗီဇကွဲzombieတစ်ကောင်နဲ့ ရင်ဆိုင်ရပြီးနောက်မှာ အားလုံးပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့က သူတိုရဲ့မျှော်လင့်ချက်တွေကို ကျောင်းဆရာဝန်အန်ကယ်အပေါ် စုပြုံထားလိုက်ကြပေမယ့် သူကတော့ သူတို့ကို တုန့်ဆိုင်းခြင်းအလျင်းမရှိ ငြင်းဆန်လိုက်လေသည်။

Zombieတွေက သူတို့ပတ်လည်မှာ မာန်ဖီအော်ဟစ်နေကြပြီး ကားကလည်း ဖျက်ဆီးခံရလိုက်ရပြီဖြစ်၏။ သူတို့ ခြေကျင်ထွက်ပြေးရမှာလား? ဒီနေ့က ကံမကောင်းတဲ့နေ့ပဲလို့ လူတိုင်းခံစားလိုက်ရသည်။

သူမနဲ့အနီးဆုံးမှာရှိနေတဲ့ zombieက သူမကို ဖမ်းဆွဲတော့မှာကို နဉ်ရှုမြင်တဲ့အခါ တစ်ချက်တည်းပစ်ပြီး သတ်လိုက်လေသည်။ ထို့နောက် မီးခိုးရောင်ဦးနှောက်တွေ ဖုံးနေတဲ့မျက်နှာနဲ့ ကျောင်းဆရာဝန်အန်ကယ်ဘက်ကို လှည့်လိုက်ပြီး စိတ်အားထက်သန်စွာ ဖျောင်းဖြလေ၏။

"အန်ကယ်..ကျွန်မတို့ အရင်ဆုံးပြေးတာပိုကောင်းမယ်နော်။"

ကျောင်းဆရာဝန်အန်ကယ်က ရှေ့တည့်တည့်ကိုပဲ ဆက်ကြည့်နေပြီး နဉ်ရှုမျက်နှာကို ကြည့်ဖို့ ငြင်းလေသည်။

"ငါနဲ့ ဝေးဝေးနေစမ်း။"

နဉ်ရှု : ဗြဲ!!

Wolfက သူ့အသင်းသားတွေဆီကို အကြည့်တစ်ချက်ပို့လိုက်ပြီး ကျောင်းဆရာဝန်အန်ကယ်ရဲ့ ကားဆီကို တိတ်တိတ်လေးစတင်ချဉ်းကပ်လိုက်သည်။ လူတိုင်းက Wolfရဲ့ အပြုအမူကို ဖုံးကွယ်ထားဖို့အတွက် zombieတွေနဲ့ အပြင်းအထန် တိုက်ခိုက်ချင်ယောင်ဆောင်လိုက်ကြသည်။

Wolfက ကားတံခါးကို ဆောင့်ဆွဲလိုက်တာကို နဉ်ရှုမြင်ပြီး စိုးရိမ်သွားသည်။ သူထွက်သွားတဲ့အခါ သူမနဲ့ အန်ကယ့်ကို အတူတူခေါ်သွားစရာအကြောင်းမရှိပေ။ ဒီလူတွေအားလုံးက ရက်စက်ကြသည်။ သူတို့က နိုင်ငံကပေးအပ်တဲ့တာဝန်ကို အောင်မြင်ဖို့အတွက်ဆို မျက်တောင်တစ်ချက်မခတ်ဘဲလည်း လူသတ်ရဲကြသည်။

"အန်ကယ်...အန်ကယ်။"

နဉ်ရှုတစ်ယောက် ကျောင်းဆရာဝန်အန်ကယ်ရဲ့ အင်္ကျီကို ဆွဲဖို့လုပ်လိုက်ပေမယ့် ကျောင်းဆရာဝန်အန်ကယ်က အလျင်အမြန် ရှောင်လိုက်လေ၏။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now