Chapter - 213

4.9K 912 64
                                    

[Zawgyi]

<Return of whipping>

zombieတွေရဲ့အနံ့က နံလွန်းသည်။ ပုပ်အဲ့အဲ့အနံ့ဆိုးက ပြင်းလွန်းတာကြောင့် လူတွေကိုမူးဝေသွားစေသည်။ အောက်မှာရှိနေတဲ့zombieတွေကို baseတံတိုင်းပေါ်ကနေ ငုံ့ကြည့်နေရင်း နဉ်ရှု သူမကိုယ်သူမအတွက်အတော်လေးဝမ်းနည်းနေမိသည်။

သူမက ကပ်ကမ္ဘာမှာအချိန်အကြာကြီးနေပြီးပြီဖြစ်သလို ဗိုလ်ချုပ်ကိုလည်း မျိုးရိုးဗီဇအဆီအနှစ်ပေးပြီးပြီဖြစ်၏။ ဒါတောင် ဘာလို့ သူမတာဝန်က အခုထိမပြီးသေးတာလဲ? Systemက သူမကိုဘာလို့ပြန်သွားခွင့်မပေးတာလဲ?

"ဂါးးးဂါးးး"

မာန်ဖီနေတဲ့အသံက ရင်းနှီးနေသည်။ အဲ့zombieက အရင်တစ်ရက်ကzombieပဲဖြစ်မယ်ဆိုတာ သူမပြောနိုင်သည်။ ဒါက မပြီးနိုင်တော့ဘူးလား? သူက ဒီbaseကိုကြိုက်နေလား? ဒါမှမဟုတ် တစ်ခုခုတော့တစ်ခုခုပဲ။

မရေတွက်နိုင်တဲ့ဗုံးတွေက zombieတွေဆီကျသွားပေမယ့် အဆုံးမရှိတဲ့zombieတွေကလည်း ရှေ့ကိုလှိမ့်တက်လာတုန်းပင်။

ညအချိန်မှာ လူတွေရဲ့အမြင်အာရုံက ဆိုးဝါးလွန်းသောကန့်သတ်ချက်တစ်ခုရှိနေသည်။ စွမ်းအားရှင်တွေက အားကောင်းတဲ့အမြင်အာရုံရှိတာကြောင့် သူတို့အပေါ်မှာသက်ရောက်မှုနည်းပေမယ့် သာမန်လူတွေအတွက်တော့ ပုံရိပ်တွေကိုခွဲခြားနိုင်ရန် မှာ အတော်လေးပင်ဆိုးပေ၏။

ဗီဇကွဲzombieက အရင်တစ်ကြိမ်ကလိုပင် လေထဲမှာပျံနေသည်။ အခုတော့ ဆလိုက်မီးတွေအကုန်လုံးက သူ့အပေါ်ကိုစုပြုံထိုးထားကြသည်။ ဗီဇကွဲzombieက စောစောကအဝတ်အစားတွေထက်ပိုကောင်းတဲ့အဝတ်အစားတွေကို ပြောင်းလဲဝတ်ဆင်ထားပြီဖြစ်ပြီး အခုဆိုရင် သာမန်လူတစ်ယောက်နဲ့မခြားနားတော့ပေ။

စွမ်းအားရှင်တွေက ဗီဇကွဲzombieကိုအာရုံစိုက်နေကြချိန်မှာ နဉ်ရှုက သာမန်zombieတွေရဲ့ခေါင်းကို သေနတ်ဖြင့်ပစ်နေသည်။ စွမ်းအားရှင်တစ်ယောက်ကအမှားသေးသေးလေးလုပ်မိပြီး သူ့ရဲ့နှလုံးအထုတ်ခံလိုက်ရတည်းက များပြားလွန်းတဲ့စွမ်းအားရှင်တွေရှိနေပေမယ့် သူတို့က အင်အားမဲ့သလိုခံစားနေရတုန်းပင်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now