Chapter - 193

5.4K 865 12
                                    

[Zawgyi]

<ဒီကိုလာ...ငါစမ်းကြည့်ပါရစေ။>

ကျောင်းဆရာဝန်အန်ကယ်က သူမကို ဒီသံမဏိဘားတန်းကို ချိုးဖို့ပြောလာတာကို သူမကြားတဲ့အခါ သူမနားကြားမှားနေတာဖြစ်မယ်လို့ နဉ်ရှုတွေးလိုက်သည်။

"ကျွန်မကို ဒါကြီးကို ချိုးဖို့ ပြောနေတာလား?"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုကြည့်လိုက်သည်။ သူ့ရဲ့မျက်မှန်က အလင်းပြန်သွားတာကြောင့် အဖြူ ရောင်အလင်းတစ်ချို့ကိုထုတ်လွှတ်နေပြီး သူ့ကို အတော်လေးအန္တရာယ်များတဲ့သူပုံစံဖြစ်နေစေသည်။ နဉ်ရှု စကားမဆိုတော့ဘဲ မြေပေါ်က စတီးချောင်းကို ချက်ချင်းကောက်ယူလိုက်သည်။

"အားကုန်သုံးပြီးချိုးလိုက်။"

ကျောင်းဆရာဝန်အန်ကယ်က ပြောလာသည်။

နဉ်ရှု ခေါင်းငြိမ့်လိုက်ပြီး အတွင်းအားကိုလှည့်ပတ်ကာ စတီးချောင်းပေါ်မှာ အားစိုက်လိုက်သည်။ သူမ စတီးချောင်းကိုမချိုးနိုင်ပေမယ့် ကွေးတော့ကွေးသွားလေသည်။

"ဒီလောက်ဆို ရလား?"

ကျောင်းဆရာဝန်အန်ကယ်က ခေါင်းငြိမ့်လိုက်ပြီး နဉ်ရှု လက်မောင်းကို လာထိသည်။ နဉ်ရှု စတီးချောင်းကို ချက်ချင်းပစ်ချလိုက်ပြီး ခပ်ဝေးဝေးပြေးကာ ကျောင်းဆရာဝန်အန်ကယ်ကို သတိအနေအထားနဲ့ကြည့်လိုက်သည်။

"အန်ကယ်..ရှင်ဘာလုပ်နေတာလဲ?"

ဆိုးလိုက်တာ။ သူထိတာကိုခံရတာက ကြောက်ဖို့ကောင်းတယ်။

"ငါက မင်းရဲ့ခွန်အားကို စမ်းသပ်ကြည့်ရုံပါ။ စောစောက မင်းက ထူးထူးခြားခြားသန်မာလွန်းနေတာကို ငါတွေ့လိုက်ရတယ်။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို လက်ယပ်ခေါ်လေ၏။

"ဒီကိုလာ...ငါစမ်းကြည့်ပါရစေ။"

နဉ်ရှု : Pffff...!

"ဒီကိုလာ..ငါ မင်းကြွက်သားတွေကို စမ်းကြည့်ပါရစေ။"

ကျောင်းဆရာဝန်အန်ကယ်က ထပ်ပြေညသည်။ နဉ်ရှုတစ်ယောက် ခေါင်းကနေခြေမအထိ မသက်မသာခံစားလိုက်ရလေသည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now