Chapter - 209

5.2K 891 62
                                    

[Zawgyi]

<နတ်ဘုရားလိုသေနတ်ပစ်စွမ်းရည်ရဲ့လျှို့ဝှက်ချက်>

ဗီဇကွဲzombieက စွမ်းအားရှင်တွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရသော်လည်း သူက အရမ်းကြီးဒဏ်ရာရသွားပုံမပေါ်ပေ။ ဒါက လူတွေကို အကူအညီကင်းမဲ့သွားသလို ခံစားရစေသည်။

ထိုအချိန်မှာ ကျောင်းဆရာဝန်အန်ကယ်ကတော့ zombieက သူ့ကိုစူးစိုက်ကြည့်နေတယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်နေပုံမပေါ်ချေ။ ကျောင်းဆရာဝန်အန်ကယ်က အစဉ်အမြဲမျက်နှာသေနဲ့ဖြစ်နေလို့ သူ့မျက်နှာကအကြောတွေက ပျက်ဆီးကုန်ပြီလားဆိုတာ နဉ်ရှုသိချင်လာသည်။

သို့သော်လည်း သူ သူမကို ပျက်ရယ်ပြုတဲ့အချိန်တိုင်း သူ့ရဲ့အထင်သေးတဲ့အမူအရာက အရမ်းကိုသိသာလွန်းသည်။

"ဂါး...ဂါးး"

ဗီဇကွဲzombieက ကျောင်းဆရာဝန်အန်ကယ်အား မာန်ဖီဟိန်းဟောက်လိုက်သည်။ နှလုံးဆွဲထုတ်ခံရမယ့်နောက်တစ်ယောက်က အန်ကယ်ပဲလို့လူတိုင်းတွေးနေမိချိန်မှာပဲ ဗီဇကွဲzombieက လှည့်ထွက်သွားကာ အဝေးကိုပျံသန်းသွားလေတော့သည်။ အချိန်ခဏလေးအတွင်းမှာပဲ အနက်ရောင်အစက်အပြောက်လေးက မိုးကုတ်စက်ဝိုင်းအတွင်းမှာ ပျောက်ကွယ်သွားလေ၏။

နဉ်ရှု : သူက ထွက်ပြေးသွားတယ်...။

လူတိုင်းက ကြောက်ရွံ့မှုတွေရှိနေဆဲဖြစ်ကာ စိတ်သက်သာရာရစွာဖြင့် အသက်ပြင်းပြင်းရှူ ထုတ်လိုက်ကြသည်။

Phoenixက ကျောင်းဆရာဝန်အန်ကယ်ကို ရှုပ်ထွေးနေတဲ့မျက်နှာအမူအရာနဲ့ လှမ်းကြည့်လိုက်သည်။ သူက စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဒေစီ့ကို မြေပေါ်ကနေဆွဲထူလိုက်တာကိုမြင်တဲ့အခါ မီးလျှံတစ်ခုက သူမနှလုံးသားကို လောင်ကျွမ်းပြာချသွားတော့မလိုပင်။ တစ်ချို့အကြောင်းတွေကြောင့် ဒေစီက သူမနားမှာဒီလိုမျိုးရပ်တည်ပေးမယ့်လူတစ်ယောက်ကိုရထားတဲ့အတွက် သူမ မနာလိုဖြစ်မိသည်။

Wolfက Phoenixနားမှာရပ်နေတာဖြစ်ပြီး သူမမျက်နှာပေါ်က အားငယ်မှု၊ ဒေါသ၊ အားကျမှုတွေနဲ့ ပိုပြီးနူးညံ့တဲ့ခံစားချက်တွေကိုပါ မြင်နိုင်နေခဲ့သည်။ သူက အေးစက်စွာပြောလိုက်သည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now