Chapter - 215

4.8K 914 59
                                    

[Zawgyi]

<သူက ဒီလောက်ဆွဲဆောင်မှုရှိတာကိုအရင်ကလုံးဝမသိခဲ့ဘူး>

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို စကားဆက်ပြောနေပေမယ့် သူမကတော့ ရှုပ်ထွေးတဲ့အမူအရာနဲ့သာကြည့်နေလေ၏။ သူမ သူပြောတာတွေကို လုံးဝမကြားရပေ။

ကျောင်းဆရာဝန်အန်ကယ်က စကားပြောနေတာကို ရပ်လိုက်ပြီး သေတ္တာလေးတွေထဲ စတင်ရှာဖွေတော့သည်။ ပြီးနောက် နားလေးသူတွေသုံးသည့်နားကြပ်ကိုယူကာ နဉ်ရှုနားမှာတပ်ပေးလေ၏။

နဉ်ရှု : ....

"မင်း အခုကြားရပြီလား?"

ကျောင်းဆရာဝန်အန်ကယ်က အသံမြှင့်ကာပြောသည်။ နဉ်ရှု ခက်ခက်ခဲခဲခေါင်းငြိမ့်လိုက်သည်။ သူမ ကောင်းကောင်းမကြားရသေးပေမယ့် ကြားတော့ကြားနိုင်သေးတယ်။

အန်ကယ့်ဆေးတွေကြောင့်လား သူမရဲ့တာဝန်ပြီးဆုံးဖို့ ဖြေရှင်းနိုင်မှုကြောင့်လား သူမ မသိပေမယ့် အခုထိတော့ အသိရှိသေးတယ်။

ဒါပေမယ့် သူမရဲ့လူသားစားချင်တဲ့ဆန္ဒကတော့ နည်းနည်းလေးမှလျော့မသွားပေ။ သူမရဲ့အနံ့ခံအာရုံက ပိုပြီးထက်မြက်လာတာကြောင့် ဒီbaseရဲ့အနံ့က အရမ်းကိုမွှေးကြိုင်နေတော့သည်။ လူသားစားဖို့အတွေးနဲ့တင်  နဉ်ရှု သူမနှလုံးသားအောက်ခြေကနေ အော်ဂလီဆန်လာပေမယ့် လူသားကိုတော့ အလိုလိုတောင်းတနေမိပြန်သည်။

ချီးတဲ့မှ! ဒီစိတ်ထဲကနေ ရုန်းကန်နေရမှုက ရူးနှမ်းလိုက်တာ။

ခက်ခဲတဲ့ညတစ်ညကို ကျော်ဖြတ်အပြီးမှာတော့ နဉ်ရှုက zombieတစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားတော့သည်။ သူမ စကားမပြောနိုင်သလို သူမရဲ့လှုပ်ရှားမှုတွေကလည်း နှေးကွေးနေပြီး အဆက်မပြတ်ဆာလောင်မွတ်သိပ်နေသည်။ သူမ ဒီလူကို တစ်ချိန်လုံးစားချင်စိတ်ပြင်းပြနေပေမယ့် ဒီအတွေးပေါ်လာတဲ့အခါတိုင်း ကတ္တရာစေးလိုနက်မှောင်နေတဲ့သေနတ်ပြောင်းဝက သူမကိုလာချိန်သည်။

ဒါက နဉ်ရှုရဲ့ မခုန်တော့တဲ့နှလုံးလေးကိုတောင် အကြိမ်အနည်းငယ်ခြောက်ခြားသွားစေသည်။

ဒီအခြေအနေကြီးက ဘယ်လိုတောင်သောက်ကျိုးနည်းတာကြီးလဲ? ပြီးတော့ သူမရဲ့တာဝန်ကရော အခုဘယ်လိုဖြစ်သွားပြီလဲ? သေလိုက်ပါတော့!

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Όπου ζουν οι ιστορίες. Ανακάλυψε τώρα