[Zawgyi]
<အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ?>
နဉ်ရှု ဆွံ့အနေသည်။ သူမ Phoenixကို ဘယ်လိုနည်းနဲ့မှရန်မစတာကိုတောင်မှ သူမ(Phoenix)က သူမနဲ့ရန်ဆက်ဖြစ်နေသေးတယ်။
အမျိုးသားဇာတ်လိုက်နဲ့လည်း သူမခပ်ခွာခွာနေပါတယ်။ ဒါကို သူတို့က ဘာလို့သူမကိုဆက်ရှာနေရသေးတာလဲ? သူမရဲ့ဆွဲဆောင်မှုက အရမ်းကိုနိမ့်လွန်းနေလို့များလား?
သူမရဲ့ ဆွဲဆောင်မှုထဲကို အမှတ်တစ်ချို့ထပ်ထည့်ရမလား မထည့်ရဘူးလားဆိုတာ သူမစဉ်းစားလိုက်သည်။ အဆုံးမှာတော့ ဆွဲဆောင်မှုတစ်မှတ်က အရမ်းကိုသနားစရာကောင်းလွန်းတယ်လေ။
နဉ်ရှုတစ်ယောက် အခန်းထဲမှာနေပြီး အမျိုးသမီးဇာတ်လိုက်က သူမကိုဘာကြောင့်သဘောမကျရသလဲဆိုတာကို အချိန်ယူစဉ်းစားနေသည်။ တစ်ချိန်တည်းမှာပဲ အပြင်မှာရှိနေတဲ့Phoenixကလည်း နဉ်ရှုနာမည်ကို အဆက်မပြတ်အော်ခေါ်ရင်း တံခါးကိုထုနေလေ။
ဒေစီ...ဒေစီနဲ့ သူမက ကျိန်စာတစ်ခုကိုရွတ်နေသလိုပင်။
နဉ်ရှု တံခါးဖွင့်လိုက်ကာ စိတ်ရှုပ်နေတဲ့လေသံနဲ့မေးလိုက်သည်။
"နင် ဘာဖြစ်ချင်နေတာလဲ?"
"ငါ နင့်အခန်းဖော်ကိုရှာနေတာ။"
Phoenixက နဉ်ရှုကို ဘေးကိုတွန်းဖယ်ကာ အခန်းထဲကိုဝင်လာပြီး လှည့်ပတ်ကြည့်လိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်ကို သူမ မတွေ့တဲ့အခါ နဉ်ရှုဘက်ကို လှည့်မေးလာ၏။
"သူဘယ်မှာလဲ?"
သူမ ခွေးချီးပုံကိုတက်နင်းမိသလို နဉ်ရှုခံစားလိုက်ရသည်။ သူက ဘာကိုအခြေခံပြီး ဖြောင့်မတ်မှန်ကန်ပြီးအားပါတဲ့လေသံမျိုးနဲ့ သူမကိုလာမေးခွန်းထုတ်နေရတာလဲ? နဉ်ရှု ပြောလိုက်သည်။
"သူ ဒီမှာမရှိဘူးလို့ ငါနင့်ကိုပြောပြီးပြီပဲ။"
"သူဘယ်သွားတာလဲ?"
Phoenixက မေးသည်။ နဉ်ရှု မျက်လုံးလှန်ကာ ပြန်ပြောလိုက်သည်။
"ငါ ဘယ်လိုလုပ်သိမှာလဲ?"
Phoenixက ဆိုဖာပေါ်မှာထိုင်စောင့်ရန်ဆုံးဖြတ်လိုက်သည်။ ဒါကိုမြင်တဲ့အခါ နဉ်ရှုကြောင်အသွားလေ၏။ Phoenixဒီလိုလုပ်တာ ဘာအဓိပ္ပါယ်လဲ? သူမက ကျောင်းဆရာဝန်အန်ကယ်ပြန်လာတဲ့အထိ ထိုင်စောင့်မလို့လား?
YOU ARE READING
Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)
AdventureAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Counter Attack English Translator : Butterfly's Curse Realm Title : Searching in the Apocalypse for the L...