Chapter - 235

4.7K 910 122
                                    

[Zawgyi]

<ငါbaseတစ်ခုတည်ထောင်လို့ရနိုင်မလား?>

ခဏကြာပြီးနောက်ဆုံးတွင်တော့ အဖွဲ့က baseအသစ်တစ်ခုကိုတွေ့ရှိသွားလေ၏။ ဗိုလ်ချုပ် baseထဲကိုဘေးကင်းကင်းနဲ့ဝင်သွားတာမြင်တော့မှ နဉ်ရှု ရှောင်မင်နဲ့အတူ လှည့်ပြန်သွားတော့သည်။

အခု သူမက စကားပြောနိုင်သလို ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်ဆိုပေမယ့် လူသားတွေအတွက်တော့ သူမက ကွဲပြားနေဆဲပင်။ လူသားတွေက ကွဲပြားနေတဲ့သူတွေကို အမြဲတမ်းသတ်ဖြတ်တတ်လေ့ရှိသည်။ ထို့ကြောင့် နဉ်ရှု ဗိုလ်ချုပ်နဲ့အတူနေဖို့ ဘယ်တုန်းကမှမစဉ်းစားခဲ့ပါချေ။

ပြီးတော့ ဒါကလည်း လုံးဝမဖြစ်နိုင်ပါ။ နဉ်ရှု ဒီအကြောင်းကို ဤကိုယ်အား ထပ်ကာထပ်ကာသတိပေးခဲ့ပြီးဖြစ်သည်။ အခု သူမက လူသားတွေနဲ့မတူညီတဲ့မျိုးစိတ်တစ်ခုဖြစ်နေပြီဖြစ်တာကြောင့် လူသားတွေနဲ့အတူနေထိုင်ဖို့မဖြစ်နိုင်ဘူးလို့ သူမကိုယ်သူမ ထပ်တလဲလဲပြောနေလိုက်သည်။

နဉ်ရှုကြောက်မိတာက သူမထွက်သွားပြီးတဲ့အခါ တုံးအအမူလခန္ဓာပိုင်ရှင်လေးက လူသားတွေနဲ့အတူတူနေထိုင်ဖို့ကြိုးစားမှာကိုပင်။

"ဒေ။"

ရှောင်မင်က နဉ်ရှုကိုခေါ်လိုက်သည်။ နဉ်ရှု သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ?"

"ဒေ...နောက်ကျရင် လူသားတွေနဲ့မနေဘဲနေရအောင်။ လူသားတွေက စိတ်ရှုပ်ဖို့ကောင်းတယ်။"

ရှောင်မင်က ပြောသည်။

နဉ်ရှု ခေါင်းငြိမ့်လိုက်သည်။

"မနေပါဘူး။"

"အူး..အူး.."

ရှောင်မင့်အသံက အရမ်းပျော်နေပုံရသည်။ နဉ်ရှုလည်း စိတ်သက်သာရာရသွား၏။

နဉ်ရှုနဲ့ရှောင်မင်က နားစရာနေရာတစ်ခုကိုရှာလိုက်ကြသည်။ အမှန်တော့ သူမတို့က အနားယူဖို့မလိုပေမယ့် နဉ်ရှုကတော့ လူသားတစ်ယောက်လိုပဲခံစားနေရတဲဖြစ်ကာ ဒီအကျင့်ကိုမပြောင်းနိုင်ပေ။ ရှောင်မင်က ဒီလိုကိစ္စမျိုးတွေမှာက အတော်လေးအသုံးကျပုံပေါ်သည်။

Searching in the Apocalypse for the Last Boss[Myanmar Translation] (Realm~4)Where stories live. Discover now