1. It isn't a fairytale

42.7K 1.9K 22
                                    

(Unicode)

နတ်သမီးပုံပြင်လေးတွေက သိပ်ကိုမက်မောစရာကောင်းတယ် ....

အချစ်ခံရတယ် .... ချစ်ကြတယ် ....

တကယ့်လက်တွေ့ကတော့ နတ်သမီးပုံပြင်လေးတွေနဲ့ ခြားနားလှစွာပါပဲ ...

နတ်သမီးပုံပြင်မဟုတ်တဲ့ ....

ပြဇာတ်လေးတစ်ပုဒ် .....

လွမ်းမောဖွယ် .....

                             ~~~~~~~
2006 / October

ဝမ်ရိပေါ် ........ မူလတန်း တတိယနှစ် ...... အဆင့် (တစ်)

ရလာတဲ့ report card လေးကို ပါးပါးကို ပြမယ် .... အရုပ်လေး ပူဆာမယ် ....

မားမားကိုပြပြီး ... သူကြိုက်တဲ့ ဝက်နံရိုးဟင်းလေး ချက်ကျွေးခိုင်းဦးမှာ ......

ညအိပ်ဝတ်စုံလေးနဲ့ ကလေးငယ်လေးက အိမ်စာတွေအကုန်လုံးကို ပြီးအောင်ရေးနေတယ် ....

သူစာကြိုးစားမှသာ ပါးပါးနဲ့မားမားက သူ့ကို ချစ်မှာ ....

သူတကယ် ပါးပါးနဲ့ မားမားကို စိတ်ချမ်းသာအောင်ထားချင်လှတယ် ....

"ဝမ်လေး ....."

တံခါးဖွင့်ပြီး ကြီးကြီးယန် ဝင်လာတယ် ....

လက်ထဲမှာ နွားနို့ခွက် ပူပူလေးနဲ့ .....

"ကြီးကြီးယန် ..... ပါးပါးပြန်လာပြီလား ..."

"အင်း .... သားငယ်လေးရဲ့ .... ပြန်လာပြီ .... လာနို့သောက်မယ် .... ပြီးတော့ အိပ်ကြမယ် .....
ကြီးကြီး ဒီနေ့ ဘာပုံပြင်ပြောပြရမလဲ ....."

"နတ်သမီးပုံပြင် ....!"

"ဟုတ်ပြီ လာ ...."

ကြီးကြီးက ပုံပြင်စာအုပ်လေးဆွဲပြီး ရိပေါ်နားလာတော့ ရိပေါ်က စားပွဲဆီပြေးပြီး report card လေးကို ထောင်ပြတယ် .....

"ကြီးကြီး .... ဒီမှာကြည့် .... သားအဆင့်တစ်ရတာကို မားမားနဲ့ ပါးပါးကို ပြရဦးမယ် ....."

ရိပေါ်လေးက ပြေးပြီး တံခါးကို ဖွင့်မယ်လုပ်တော့ .....

ရှေ့ဆင့် နောက်ဆင့် ပန်းအိုးကွဲသံတွေကြားရတယ် .......

ပြီးတော့ ပါးပါးနဲ့ မားမားရဲ့ အော်ဟစ်သံတွေရောပဲ ....

"မင်းကို လောက်အောင် ပေးထားတာပဲ .... ဘယ်အကောင်တွေကိုများ အမ်းနေတာလဲ ....?"

EPIPHANY  (Completed)Where stories live. Discover now