16. Meet Me From The Other Side

10.1K 1.3K 13
                                    

(Unicode)

မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးဟာ ရှောင်းကျန့် မျက်ခွံလေးတွေပေါ်ကို ဖျာကျတယ် ...

အမှန်တော့ ဆက်အိပ်ချင်ပေမယ့် ...

ဒီနေ့ shooting ရှိတယ် ...

ပြီးတော့ ဒီနေ့ဟာ October 5 ရက်နေ့ဖြစ်တယ် .....

အိပ်ရာကနေ အလူးအလဲထပြီး မျက်နှာသစ် သွားတိုက်လုပ်ရပြန်တယ် ....

တခြားသူတွေပေးမယ့် မွေးနေ့လက်ဆောင်ထက် သူဟာ ရိပေါ်ပေးမယ့်ဟာကို ပိုမျှော်လင့်နေမိတာ ....

ဘာပဲပေးပေး .... သူဒီလောက်တော့ မျှော်လင့်ခွင့်ရှိသေးတယ် မဟုတ်လား ....

"ရိပေါ် ...."

"ဪ အကို ...."

"ဘာလုပ်နေတာလဲ ...."

"အာ ..... ဖက်ထုပ် .... ဖက်ထုပ်ပြုတ်မလို့ ...."

အတိတ်တွေထဲ နစ်မြုပ်နေတဲ့နှစ်တွေကို ပြန်တူးဖော်ကြည့်ရင် တွေ့ရမှာက ရှောင်းကျန့်ဟာ မွေးနေ့တိုင်းမှာ ဖက်ထုပ်ပြုတ်စားတယ် ...

ပြီးတော့ ....

ရိပေါ်နဲ့ တူတူရှိခဲ့တဲ့ ငါးနှစ်ကျော်မှာ ....

ရိပေါ်လုပ်ပေးတဲ့ ဖက်ထုပ်သာ အကောင်းဆုံးလို့ သူသတ်မှတ်ထားတယ် ....

တကယ်ပါ ....

ရင်ထဲကို နင့်နင့်သည်းသည်း ခံစားသွားရအောင် လုပ်နိုင်တဲ့ မှော်ဆရာလေးဟာ ဝမ်ရိပေါ်အမည်ခံ ကောင်ငယ်လေးသာ ဖြစ်ရော့တာ ....

သူ့ကို ဒီလောက် ဂရုစိုက်ပေးနေတဲ့ ကောင်လေးဟာ တစ်ဆင့်တက်ပြီး မချစ်ပေးနိုင်ပြန်ဘူးလား ....

ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အလိုမကျဖြစ်ခြင်းဟာ ချစ်ရသူနဲ့အတူ စီးဆင်းလာတဲ့အခါ ....

မြစ်ဖျားခံရာ ဒေသမှာ မျက်ရည်မိုးသဲ့သဲ့ ရွာသွန်းဖြိုးပါတယ် ....

"အင်း .... ကျေးဇူးပဲ .... စားလို့ရပြီလား ...?"

"တချို့ဟာတွေကတော့ ရပြီ ... စားနှင့်မလား ...?"

"တူတူစားတာပေါ့ ...."

ကျန်နေတဲ့ ဖက်ထုပ်လေးတွေကို အိုးလေးထဲ စီစီရီရီထည့်နေတဲ့ ရိပေါ်ဟာ နောက်ကျောမလုံဖြစ်မဖြစ်တော့ မသိပါ ....

EPIPHANY  (Completed)Where stories live. Discover now